၈၈ ငြိမ်းပွင့် ခေါင်းဆောင် တချို့ ရွေးကောက်ပွဲဝင်မယ်
2015.07.13

လာမယ့် ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ RFA နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ဦးမင်းကိုနိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ သေချာတာကတော့ ပါတီအသစ်တစ်ခုထောင်ပြီးတော့ ဝင်တာတော့ ဘယ်သူမှလုပ်မှာမဟုတ်ဘူး၊ ရှိပြီးသား ကိုယ်နဲ့တကယ်အနီးကပ်ဆုံး တလျှောက်လုံးလက်တွဲလာတဲ့ နိုင်ငံရေးပါတီထဲကိုပဲ ဝင်ပြီးတော့ ကြိုးစားမယ်ဆိုရင်တော့ ကျနော်တို့ သဘောတူရမှာပါပဲ"
၈၈မျိုးဆက်အဖွဲ့အနေနဲ့ ယှဉ်ပြိုင်မှာမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့အနေနဲ့ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရအောင်၊ မဲ မသမာမှုတွေ ဖြစ်ပေါ်မလာအောင် ဝိုင်းဝန်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။