သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-09
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံ က အာဆီယံထိပ်သီးညီလာခံနဲ့ အရှေ့အာရှထိပ်သီးညီလာခံတွေကို တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန သတင်း စာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin က မနေ့က ပြောကြားလိုက်ပါတယ်။
2014-11-08
နေပြည်တော်မှာ မကြာသေးခင်က ခေါင်းဆောင် ၁၄ ဦးတွေ့ဆုံခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် ခရီးစဉ်အပါအဝင် NLD ပါတီရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်မူဝါဒတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-11-08
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန် တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2014-11-08
ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ်မှာ ရာဂဏန်းလောက်ရှိမယ့် ဒေ သခံတွေက လက်ရှိလွှတ်တော် မှာ ဆွေးနွေးနေတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-08
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါ စာရွက်တွေကို နေရာအတော်များများမှာ ကပ်ထား သလို လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်တယ်လို့ သိရပါတယ်။
2014-11-08
မြန်မာနိုင်ငံ နေပြည်တော်မှာ ရှေ့သီတင်း ပတ် ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
2014-11-08
PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့် သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင်လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
2014-11-08
အလွတ်သတင်းထောက် ကိုပါကြီး ရုပ်အလောင်းကို မော်လမြိုင်ကနေ ရန်ကုန်ကို ပြန်လည်သယ်ဆောင်ပြီး ရေဝေးသုသာန်မှာ ဒီနေ့ညနေပိုင်းက ဂူသွင်းသဂြိၤုဟ်ခဲ့ပါတယ်။
2014-11-08
အစိုးရပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ မြန်မာ့တပ်မတော်က ထိပ်ပိုင်းအရာရှိကြီး ၂ ဦးဟာ ၂၀၀၅ကနေ ၂၀၀၆ ခုနှစ် ကရင်ပြည်နယ် အရှေ့ပိုင်းစစ်ဆင်ရေးကာလအတွင်း စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုကျူးလွန်တာတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားတွေတွေ့ရကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်က ဒီနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာက စွပ်စွဲပြောဆိုလိုက်ပါတယ်။
2014-11-08
စက်မှုဇုန်တွေက စက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရကြတဲ့အခါ အလုပ်ရှင်ဘက်က စောင့်ရှောက်ကူညီပေးမှုနည်းနေပြီး လျော်ကြေးပေးတာလည်း မရှိသလောက် နည်းနေပါတယ်။
2014-11-07
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2014-11-07
မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခြေနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက စာရေးဆရာ ၂ ဦးက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကြာသပတေးနေ့ညနေက ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ပါတယ်။
2014-11-07
မြန်မာနိုင်ငံကို အခုလာမယ့်ရက်ပိုင်း အတွင်း သွားရောက် တဲ့အခါမှာ ဒီမိုကရေ စီရေး ပြုပြင်ပြောင်းလဲ မှုတွေ ဖေါ်ဆောင်ရေး မှာအချိန် ဆွဲနေ တာရပ်ဆိုင်းဖို့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးပါလို့ အမေရိကန် အောက် လွှတ်တော်အမတ် ၄၀ ကျော်က အမေရိကန်သမ္မတ Mr Obama ကို မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။
2014-11-07
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီလကစပြီး ၅ လအတွင်း အပြီးကောက်ယူသွား မှာဖြစ်တယ်လို့ သိရပါတယ်။
2014-11-07
ဧရာဝတီတိုင်းက စိုက်ပျိုး စရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်းငါးထောင်လောက်ကို မြေနဲ့အခွန်တော် ဥပဒေ အရ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဒီနေ့ ပြောပါတယ်။