ရိုဟင်ဂျာ အကြမ်းဖက် လက်နက်ကိုင် ၄ ဦး ဝင်ရောက်


2014.11.08
police_members_305px ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AFP

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ RSO ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါစာရွက်တွေကို နေရာအတော်များများမှာ ကပ်ထားသလို လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မော်လမြိုင်ခရိုင် ရဲစခန်းက အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက မှန်ကန်ကြောင်း အတည်ပြု ပြောပါတယ်။

"ပိုက်စိတ်တိုက်ပဲ ကျနော်တို့လုပ်နေပါတယ်၊ ခရိုင်က ခရိုင်စီမံချက်ချပြီးလုပ်တယ်၊ မြို့နယ်ကလည်း မြို့နယ် စီမံချက်ချပြီးလုပ်ပါတယ်၊ ဧည့်စာရင်းတွေစစ်တယ်၊ နောက်မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေ ရှိတယ်၊ အဝင်အထွက်ကားတွေ စစ်တာဆေးတာတို့ အကုန်လုံးလုပ်နေပါတယ်"

ရဲတပ်ဖွဲ့ထုတ်ပြန်ထားသူတွေကတော့ RSO ရိုဟင်ဂျာ အကြမ်းဖက်ဖောက်ခွဲရေးအဖွဲ့က ပြည်တွင်းလှုပ်ရှားရေး အဖွဲ့ခေါင်းဆောင် သန်းဝင်း၊ မြန်မာပြည်တာဝန်ခံ အိုစမာ ခေါ် ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွသင်တန်းဆင်း အာဇက် ခေါ် အမင်းနဲ့ အဖွဲ့ဝင် အီစမိုင် ခေါ် ဇော်ဝင်းတို့ဖြစ်ပါတယ်။

ဒီ RSO ရိုဟင်ဂျာအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ ကို ရောက်ရှိလာတာလို့လည်း အဲဒီရဲအရာရှိက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။