သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေညာချက်ကို လာမယ့်သတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
2014-02-04
အပတ်စဉ်ထုတ် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်မျှတစွာ တရားစီ ရင်ခံပိုင်ခွင့်အတိုင်း ကျင့်သုံးပေးဖို့နဲ့ အပြစ်မရှိရင် အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2014-02-04
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သမီးလေးကျေးရွာနဲ့ အင်းမတီးကျေးရွာက လူနေအိမ်ခြေတစ်ရာလောက်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့မနက် ၄ နာရီလောက်က ဖျက်ဆီးလိုက်ပါတယ်။
2014-02-04
မန္တလေးတိုင်း မြင်းခြံမြို့က အမှတ် (၁၆) မူလတန်းလွန် စာသင်ကျောင်းဝင်းထဲမှာ အိုးအိမ်ဦးစီးဌာနက ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေတဲ့အတွက် ရာနဲ့ချီတဲ့ မြင်းခြံမြို့ခံတွေ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-02-04
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉- နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ အရည်အချင်း သတ်မှတ်ချက်ကို မပြင်ဖို့ မနေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ပါတီအဖွဲ့အစည်းတချို့က တောင်းဆိုလိုက်ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-02-04
၁၉၈၂ ခုနှစ်- ပြဋ္ဌာန်းခဲ့တဲ့ "နိုင်ငံသားစိစစ်ရေး ဥပဒေ" ကို တိတိကျကျ အကောင်အထည်ဖော်ဖို့အတွက် တောင်းဆိုဆန္ဒပြပွဲတခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-02-04
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာပါတဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက်ပုဒ်မ ၅၉ ( စ) ကို မပြင်ဆင်ဘဲ ဒီအတိုင်း ဆက်လက်ထားရှိဖို့ မနေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မြန်မာ့အမျိုးသားရေး ကွန်ရက်က ဦးဆောင်ပြီး ဟောပြောခဲ့ကြပါတယ်။ ပုဒ်မ ၅၉ ( စ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။
2014-02-03
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ယူနတီဂျာနယ် သတင်းထောက် ၄ ဦး နဲ့ အမူဆောင် အရာရှိချုပ်တို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်း ၄ ဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေဖေါ်ဝါရီ လ ၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ ပါတယ်။
2014-02-03
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ တနင်္လာနေ့က ဆန္ဒပြခဲ့ကြရာမှာ ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေ ချက်ချင်းအကောင်အထည်ဖော်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အဖြူရောင်ယာယီ သက်သေခံလက်မှတ် White Card ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်မပြုဖို့၊ လူမှုရေးအကူအညီတွေဆောင်ရွက်နေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ၇ ရက်အတွင်း ထွက်ခွာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
2014-02-03
ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အကောင် အထည်ဖော်မယ့် သံလွင်မြစ် ရေကာတာ စီမံကိန်း ၆ ခုနဲ့ ပတ်သက်ပြီး အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ချမပြတဲ့အတွက် အဲဒီစီမံကိန်းကိုကန့်ကွက်ဖို့ မြစ်ချောင်း များလေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေက လက်မှတ်တွေ လိုက်လံကောက်ယူနေပါတယ်။
2014-02-03
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ဖို့ တောင်းဆိုတာဟာ နိုင်ငံအတွက်အရေးကြီး လို့ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာတွေမလုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-02-03
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-02-03
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံ သား ဥပဒေကို ချက်ချင်း အကောင် အထည်ဖော်ပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့၊ ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေ ဆောင်ရွက်နေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ၇ ရက်အတွင်း ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံနှစ်ထောင်ကျော်လောက်က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-02-03
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပဋ္ဋိပက္ခဖြေ ရှင်းခြင်းဆိုင်ရာကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန် အကြောင်းတွေကို နိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
2014-02-03
တိုင်းရင်းသားဒေသတွေမှာ အခြေခံပညာ သင်ကြား တဲ့အခါ မိခင်တိုင်းရင်းသား ဘာသာစကားကို အခြေခံပြီး တခြားဘာသာရပ်တွေကို သင်ကြား ဖို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးကွန်ရက် NNER ဆွေးနွေးပွဲက ဆုံးဖြတ် လိုက်ပါတယ်။