သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-10
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ဟာ အခုနှစ်မှာ ရေပိုခမ်းခြောက်လာတဲ့အတွက် လှေသမ္ဗာန်တွေ သွားလာရ ခက်ခဲလာနေသလို၊ တချို့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲ တွေ့နေပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2015-04-10
ဂျပန်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ မိုင်နိချိ ရှင်ဘွန်းက မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
2015-04-10
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-04-10
ဖမ်းဆီးခံကျောင်းသားတွေ လက်ရှိရင် ဆိုင်နေရတဲ့ တရားစီရင်ရေးဟာ လွတ်လပ်၊ မျှတမှုမရှိတဲ့အပြင်၊ အစိုးရက ရည်ရွယ်ချက်ရှိရှိ အမှုကြီးအောင်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ပညာရေးဥပဒေကို လွှတ်တော်က ဘယ်လို ဆက်ပြီးရေးဆွဲနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့အကြောင်း သာယာဝတီထောင်က ကျောင်းသားတွေရဲ့ သဘော ထားကြေညာချက်တစ်စောင် မနေ့က ထွက်ပေါ်ခဲ့ပါတယ်။
2015-04-09
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအတွင်းရေးမှူး ကိုစည်သူမောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် ဝင်ရောက် လိုက်ပြီဖြစ်ပါတယ်။
2015-04-09
မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို တပ်မတော် စစ်ခုံရုံးက ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေနဲ့ ဖမ်းဝရမ်းထုတ် ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုက်လံရှာဖွေနေ တယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖဲ့ွမှူးရုံး တာဝန်ရှိသူ က ပြောပါတယ်။
2015-04-09
ရွေးကောက်တင်မြှောက်ခံရခြင်း မဟုတ်ဘဲ လွှတ်တော်တွေမှာ ကိုယ်စားပြုခွင့်မရှိဘူးဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း လက်ရှိလွှတ်တော်တွေက တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို တဖြည်းဖြည်းချင်း လျှော့ချသွားဖို့အတွက် အကြံပြု ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-04-09
မနက်ဖြန် ခေါင်းဆောင် ၆ ဦးရဲ့ ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးမှုမတိုင်ခင် ဒီနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-04-09
နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အိမ်ရာဆောက်လုပ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကန့်ကွက်မှုကြောင့် မနေ့က ဆိုင်းငံ့ထားလိုက်ရပါတယ်။
2015-04-09
အင်းလေးကန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရေခမ်းမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
2015-04-09
ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို တပ်မတော် စစ်ခုံရုံးက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်တွင်း ၊ ပြည်ပမီဒီယာတွေကို မဟုတ်မမှန်သတင်းပေးမှုနဲ့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2015-04-09
နိုင်ငံတော်သမ္မတ အိမ်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော် ဥက္ကဌ နှစ်ဦး၊ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ သမ္မတအိမ်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-04-09
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ် (၃) ရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီလ၂ ရက်ကနေ ၇ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အစီရင်ခံစာရေးသားနေပြီဖြစ်ပါတယ်။
2015-04-09
ပဲခူးတိုင်း၊ ဝေါမြို့မှာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်၊ အခမ်းအနားမှာ အားကစားပြိုင်ပွဲတွေ သီချင်းဆိုပြိုင်ပွဲ မှာတွေ ကရင်ဒုံးယိမ်းအကနဲ့ ပန်းရဲ့လမ်းတေးဂီတအဖွဲ့တို့ က တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ RFA သတင်းထောက် ခင်ပြည့်စုံက တင်ပြထားပါတယ်။
2015-04-09
၂ဝ၁၅ နှစ်သစ်ကူး သြင်္ကန်ကာလအတွက် ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ် ၃၆ လုံးဆောက်လုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုချက်ပေးထားပါတယ်။