သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-13
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ (၈) ပါတီတို့ဟာ ဒီနေ့ ကျောက်ဖြူမြို့နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-07-12
လက်ရှိအကျဉ်းထောင်တွေထဲမှာရှိနေ တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၄ဦးနဲ့ လူငယ်ဘုံရိပ်သာအတွက် ဟံသာဝတီဦးဝင်း တင်ဖောင်ဒေးရှင်းက အလှူငွေကျပ် ၄၂ သိန်းကို မိသားစု ဝင်တွေထံ ပေးအပ်လှုဒါန်းခဲ့ပါတယ်။
2015-07-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး ကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်းအတွင်းက ပညာဒါနကျောင်းတွေ အတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ ပါတယ်။
2015-07-12
အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် အဖွဲ့ဝင်၂၀၀ ကျော်လောက်က ဒီနေ့ လှိုင်သာယာမြို့နယ် မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2015-07-12
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရဘက် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာ ဗျူဟာဌာန က RFA ကို ပြောပါတယ်။
2015-07-12
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ က ရှမ်းပြည်နယ်က မဲဆန္ဒနယ်မြေတွေအားလုံးနဲ့ မန္တလေးတိုင်း၊ ကယားနဲ့ ကချင်ပြည်နယ်တွေက မဲဆန္ဒ နယ် ၁၆၀ လောက်မှာ ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ SNLD ပါတီက ပြောပါတယ်။
2015-07-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက် ပွဲအတွက် မိတ်ဖက်တိုင်းရင်းသား ပါတီတွေဖြစ်ကြ တဲ့ CRPP ခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်မြေတွေကိုရှောင်ပြီး ယှဉ်ပြိုင်မယ် ဆိုတာကို CRPP ခေါင်းဆောင်တွေက ကြိုဆိုလိုက် ကြပါတယ်။
2015-07-12
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ် ပါတီ(ကျားဖြူ) ပါတီရဲ့ မြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းအပါအဝင် ပါတီဝင် တစ်သောင်းကျော်လောက်ဟာ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။
2015-07-12
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(ကျားဖြူ) ပါတီရဲ့ မြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းအပါအဝင် ပါတီဝင် တစ်သောင်းကျော်လောက်ဟာ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။
2015-07-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက် ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုမျှော်လင့်နိုင် မလဲဆိုတာကို ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2015-07-11
မြန်မာနိုင်ငံက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခသတ်မှတ်ရေးကိစ္စမှာ စက်ရုံပိုင်ရှင်တွေနဲ့ ပြေလည်မှုမရသေးတဲ့ အခြေ အနေနဲ့ပတ်သက်လို့ ဦးအောင်လင်း (မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ) ၊ ဦးနော်အောင် ( အနိမ့်ဆုံးလုပ်ခ ညှိနှိုင်းရေး အမျိုးသားကော်မတီ အလုပ်သမားကိုယ်စားလှယ်) နဲ့ ဒေါ်မာမာဦး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း အလုပ်သမားရေးရာ ဒု-တာဝန်ခံ) တို့နဲ့ အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထား ပါတယ်။
2015-07-11
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ပေါက် ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ တုတ်၊ ဓါး၊ လက်နက်တွေကို ၇ ရက်အတွင်း လာရောက်အပ်နှံကြဖို့ ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်တွေမှာ မနေ့က လိုက်လံကြေ ညာပါတယ်။
2015-07-11
ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ဝ လောက်ကို ရွေးချယ်ထားတယ်လို့ ပါတီတာဝန်ရှိသူတွေ က ပြောပါတယ်။
2015-07-11
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ထဲ မှာ ကေအိုင်အေတပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၇ နဲ့ အစိုးရတပ်တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား လို့ ကေအိုင်အေရဲ့ ရှေ့တန်းစခန်းငယ်တစ်ခု ဆုတ်ခွာပေး လိုက်ရတယ်လို့ သိရှိရပါတယ်။
2015-07-11
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီရဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းနဲ့ ပါတီဝင်အတော်များများဟာ ကျားဖြူပါတီကနေ ဒီလ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။