သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-11
ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပတဲ့ နိုင်ငံတကာကလေးသူငယ်များ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့နဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ပွဲ အခမ်းအနားအကြောင်း ကိုကျော်ဇောဝင်း က သတင်း ပေးပို့ထားပါတယ်။
2015-12-11
၂ဝ၁၅ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်က လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများအဖွဲ့ HRDP ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2015-12-11
မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ နောက်ဆုံးနေ့ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟော်တယ်မှာ ကျင်းပနေပါတယ်။
2015-12-11
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ရန်ကုန်မြို့ Chatrium Hotel မှာ ဒီနေ့ စတင် ကျင်းပရာမှာ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ- စာရေးဆရာဦးဖေမြင့်လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
2015-12-11
မြန်မာနိုင်ငံရဲ့ ပထမဆုံး အစုရှယ်ယာဈေးကွက်ကို ပြီးခဲ့တဲ့ ၉ ရက်နေ့က ရန်ကုန်မြို့မှာ စဖွင့်လိုက်ပါတယ်။ ရှယ်ယာအရောင်းအဝယ် လုပ်ခွင့်အတွက်ကိုတော့ အခုလောလောဆယ်မှာ ကုမ္ပဏီ ၆ ခုကိုလုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။
2015-12-11
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကဦးစီးတဲ့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့ကစပြီး ၃ ရက် အတွင်း လူနာပေါင်း တစ်သောင်းကျော်ကို အခမဲ့ဆေးကု သပေးနေပါတယ်။
2015-12-11
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့ အမြန်လမ်းမကြီးကြား မှာရှိတဲ့ မြေကွက်တွေကို KNU ကရင်အမျိုးသားအစည်းအရုံး ထံကနေ ဝယ်ယူထားသူတွေက လက်ရှိ နေအိမ်ဆောက် လုပ်နေတာကို ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာထုတ်ထားပါတယ်။
2015-12-11
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ် ပွားတဲ့ဒေသတွေ၊ သဘာဝဘေးဒဏ်ခံရ တဲ့ ဒေသတွေနဲ့ မဖံ့ွဖြိုးသေးတဲ့ ဒေသတွေ က ကလေးသူငယ်တွေဟာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေ မှာ ခိုင်းစေဖို့အတွက် လူကုန်ကူးခံနေရ တယ်လို့ ကလေး သူငယ်လူကုန်ကူးမှုကာကွယ်ရေး လုပ်ငန်းတွေဆောင် ရွက်နေတဲ့ United ACT အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ် လိုက်ပါတယ်။
2015-12-11
လာမယ့် NLD အစိုးရအနေနဲ့ သတင်း မီဒီယာတွေရဲ့ဝေဖန်မှုတွေကို လက်ခံ သွားမှာဖြစ်သလို အစိုးရဆီကနေ သတင်းအချက်အလက် ရယူနိုင်ခွင့်ကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင် ဖို့ ပြင်ဆင်ထားတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် စာရေးဆရာ မုံရွာအောင်ရှင်က ဒီကနေ့ ပြောလိုက် ပါတယ်။
2015-12-11
မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ အမှုဖွင့်ခံထားရ တဲ့ ကျောက်တန်းမြို့နယ်က အန်အယ်လ်ဒီပါတီ ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုးကို ကျောက်တန်းမြို့နယ်တရားရုံးက ဒီနေ့ ငွေကျပ် တစ်သိန်းနဲ့ အာမခံပေးလိုက်ပါတယ်။
2015-12-11
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနဲ့ သတင်းမီဒီယာသမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ မီဒီယာသမားတွေ လိုက်နာရမယ့်တာဝန်နဲ့ ကျင့်ဝတ်တွေ ကို စောင့်ထိန်းလိုက်နာနိုင်အောင် အရည်အချင်းမြှင့် တင်ပေးရမယ့် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
2015-12-11
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ နိုင်ငံတော် အကြီး အကဲတာဝန်တွေကို စနစ်တကျလွဲှပြောင်းပေးနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားရှိ ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့စွဲ နဲ့ နေပြည်တော် သမ္မတရုံးက ထုတ်ပြန်ကြေညာ ထားပါတယ်၊
2015-12-11
ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့် အရေးနေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံးက မြို့အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။
2015-12-11
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ရန်ကုန်မြို့ CHATRIUM HOTEL မှာ ဒီနေ့ စတင်ပြီး မနက်ဖြန်ထိ ၂ ရက်တာ ကျင်းပနေပါတယ်။
2015-12-11
ရှမ်းပြည်နယ် ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က ပြောပါတယ်။