သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-10
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက် ခဲ့ကြတဲ့အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။
2013-03-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုဦးစီးစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားလုံး ဒီကနေ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပပြီးစီးချိန် ကစပြီး မရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြား လိုက်ပါတယ်။
2013-03-10
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
2013-03-10
NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက်ခဲ့တာဟာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားပါတယ်။
2013-03-09
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ NLD ပါတီရဲ့ ပထမအကြိမ်ညီလာခံနဲ့ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ ရည်မှန်းသုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က ဆက်လက်တင်ပြပါလိမ့်မယ်။
2013-03-09
ကမ္ဘောဒီယားနိုင်ငံက ပြည်ပရောက် အတိုက်အခံ Sam Rainsy ဟာ စနေနေ့က ရန်ကုန်မြို့မှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီရေး အတွက် ရုန်းကန်လှုပ်ရှားရတာတွေကို ဆွေးနွေးတယ်လို့ Mr Sam Rainsy ရဲ့ ပြောခွင့်ရသူ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2013-03-09
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ လယ်သမား (၄၆) ဦး ပါဝင်တဲ့ သမဂ္ဂအဖွဲ့ကို မနေ့က ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။
2013-03-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ညီလာခံဟာ တစ်ဦးတစ်ယောက်နေရာ ရရေး၊ ဆွေမျိုးအသိုင်းအဝိုင်း နေရာရရေးအတွက်မဟုတ်ပဲ ကိုယ့်နိုင်ငံနဲ့ ပြည်သူအတွက်အကျိုးပြုရေးကိုသာ စဉ်းစား ကြပြီး ခေါင်းဆောင်တွေကို ရွေးချယ်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-03-09
ချင်းပြည်နယ်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်နေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဟောပြောပွဲတစ်ချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားဆီးတာတွေ ရှိခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မတ်လ ၉ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
2013-03-09
စာနယ်ဇင်းမီဒီယာတွေ ကန့်ကွက်နေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း ကို ပြင်ဆင်နိုင်ဖို့အတွက် ဒီကနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၈ မိုင်မှာရှိတဲ့ ဟိုတယ် ရန်ကုန်မှာ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်တွေနဲ့ သတင်းမီဒီယာက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
2013-03-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်း တစ်ချို့ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့ မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာကျင်းပတဲ့ အန်အယ်လ်ဒီပါတီ ညီလာခံ သတင်းစာရှင်းလင်းပွဲ မှာ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။
2013-03-09
ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့အနီးက CMJ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ မြန်မာ အလုပ်သမားတွေကို လုပ်သက်ပေါ်မူတည်ပြီး လစာရဲ့ ၆ရာခိုင်နှှုန်းစီ တိုးပေးမယ်လို့ အလုပ်ရှင်ဘက်က မနေ့က ပြောဆိုလိုက်ပါတယ်။
2013-03-09
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရက တု့ံ့ပြန်ခဲ့ပါတယ်။
2013-03-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် တကွ ခေါင်းဆောင်ရွေးပွဲများကို ဒီကနေ့ ပြုလုပ်မယ့် ပါတီညီလာခံမှာ ဆက်လက်ပြုလုပ် သွားမယ်လို့ NLD ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါ တယ်။
2013-03-08
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ မြန်မာပြည်ရဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ ထိပ်တန်းအရာရှိတွေ၊ လူမှုအဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ပါလိမ့်မယ်။