သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-06
၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ညီလာခံမှာ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ကို ရွေးချယ်လိုက်သလို့ ဒုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးအပါအဝင် ခေါင်းဆောင်း ပိုင်းတွေ နေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။
2020-01-06
အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်လိုက်တဲ့အပေါ် ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေကို ကူညီဆောင်ရွက်သွား မှာ မဟုတ်တော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မနေ့က ကြေညာချက် ထုတ်ပြန်ပြော လိုက်ပါတယ်။
2020-01-06
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တစ်နှစ်ကျော် ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး စားနပ်ရိက္ခာအတွက် ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အားကိုးနေရပါတယ်။
2020-01-05
မြန်မာ့လယ်ယာကဏ္ဍမှာ ဆန်စပါးက အဓိကကဏ္ဍအနေနဲ့ ရှိနေဆဲပါ။ ဒါပေမဲ့ ဆန်စပါး စိုက်ပျိုးမှု ခေတ်မီရေးမှာ ပြဿနာတွေက ရှိနေဆဲဖြစ်ပါတယ်။
2020-01-05
ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်း သုံးဖွဲ့ဘက်က နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ဆိုရင် မင်းပြားမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2020-01-05
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင် တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။
2020-01-05
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိဘဲ ခရီးသွားနည်းပါးလာတယ်ဆိုပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားလိုက်ပါတယ်။
2020-01-04
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝါးသိုးခိုကျေးရွာမှာ ဇန်နဝါရီ ၂ ရက်နေ့က တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2020-01-04
၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ၂ဝ၂ဝ ရွေးကောက်ပွဲနှင့် NLD တိုင်းရင်းသားရေးရာကော်မတီ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-01-03
မြန်မာပြည် လွတ်လပ်ရေးရတာ ဒီကနေ့ ၇၂ နှစ် ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ ခံစားကြရပြီလား။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရန်ကုန် မြို့တော်ခမ်းမကနေ နောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်တချို့ကို ဦးခင်မောင်စိုး တင်ပြထားပါတယ်။
2020-01-03
၂ဝ၁၉ ခုနှစ်ဟာ ရခိုင်ပြည်နယ်အတွက်တော့ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့တဲ့ နှစ်ပါပဲ။ ဇန်နဝါရီ လဆန်းကတည်းက စတင်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ တစ်နှစ်ပတ်လုံး အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး၊ ရခိုင်ပြည်သူတွေ... အထူးသဖြင့် ရခိုင်မြောက်ပိုင်းက ပြည်သူတွေ စစ်ဘေးဒဏ် ခံနေရတာ အခုချိန်ထိပါပဲ။
2020-01-03
ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
2020-01-03
ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲစခန်းက ရဲဝန်ထမ်းတွေအတွက် လစာသွားထုတ်တဲ့ ရဲဝန်ထမ်း လေးဦးထဲက နှစ်ဦးနဲ့ လစာငွေတွေကို AA အဖွဲ့က မနေ့က မနက်ပိုင်းမှာ ပစ်ခတ်ယူဆောင်သွားတယ်လို့ တပ်မတော်က ပြောပါတယ်။
2020-01-03
ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပါတီဝင်တွေ ပါဝင်တဲ့ ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2020-01-03
သွေးကင်ဆာရောဂါခံစားနေရပြီး ထိုင်းနိုင်ငံမှာသွားရောက်ကုသမှုခံယူခဲ့ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အဆုတ်အအေးပတ်ပြီး အဖျားဝင်နေတဲ့အတွက် မန္တလေး ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။