သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-08
မြန်မာနိုင်ငံ ပညာရေးစနစ်ကို အရည်သွေးမြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိစေမယ့် ပညာရေးဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
2013-03-08
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး ဆက်လက်တောင်းဆိုနေကြတဲ့ ဒေသခံ ၁၀၀ နီးပါးလောက်ဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေထဲက လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်တွေပေါ်မှာ မတ်လ ၇ ရက် မနေ့ညက စပြီးစခန်းချ နေထိုင်နေကြ ပါတယ်။
2013-03-08
မြင်းခြံမြို့ကနေ တရုတ်-မြန်မာ နယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန် ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန် အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိလို့ ခေါ်ယူသတိပေးခဲ့ကြောင်း လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။
2013-03-08
ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ပေးဖို့ အမျိုးသမီးများအရေး ဆောင်ရွက်နေတဲ့ Women's Glaxy အဖွဲ့နဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့ Generation Youth's အဖွဲ့တွေ ပူးပေါင်းပြီး တောင်းဆိုချက် ၄ ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
2013-03-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။
2013-03-08
မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှားတွေ့မြင်နေ ရသေးတဲ့၊ အဓိကကျတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတချို့ကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ် စဉ်တွေကို ထိခိုက်သွားနိုင်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သော မတ်စ် ကင်တားနားရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2013-03-07
သတင်းမီဒီယာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။
2013-03-07
မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက် ပါတယ်။
2013-03-07
မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ပြင်ဆင်ပြီး ပြည်သူတွေ ဆန္ဒအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
2013-03-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေး ပြိုကွဲပျက်ဆီးစေသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်း ရရှိထားကြောင်း စွပ်စွဲပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ၄ ဦးထဲ က ရွှေပြည်သာမြို့နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးသန့်ဇင်က သူ့တို့အပေါ် မဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံ ဇာတ်လမ်းစဉ် ထုတ်ပယ်တာသာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြီး ပြောလိုက်ပါတယ်။
2013-03-06
မြန်မာ့တပ်မတော်ဟာ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင့်လေးရာ ရရှိခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
2013-03-06
ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ခုနှစ်တွေမှာ ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက် ၂ ခုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် အခက်အခဲဆုံး ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆို လိုက်ပါတယ်။
2013-03-06
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည် စခန်းက ဒုက္ခသည်လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံ မှာ ပြောင်းရွှေ့အခြေချလိုတယ်ဆိုရင် ၃ လ အတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံးအရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည်စခန်းမှာ ပြောခဲ့ ပါတယ်။
2013-03-06
လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ က ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲ ဆိုလိုက်ပါတယ်။
2013-03-06
ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်းလျှောက်တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံ မှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။