သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-11
အမျိုးသားဒီ်မိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၂ဝဝ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2015-07-11
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေ ထိုင်ကြတဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေပါတယ်။
2015-07-11
ရွေးကောက်ပွဲတရားမျှတရေးနဲ့ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် မကွေးတိုင်း ချောက်မြို့မှာ ကျောင်းသားတွေဦးဆောင်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင်၊ နော်အုံးလှ၊ ကိုသန်းဆွေ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့်တို့ကို လသာမြို့နယ်တရားရုံးက ဇူလိုင်လ ၁ဝ ရက်နေ့ ထောင်ဒဏ်လေးလစီ ချမှတ်လိုက်ပါတယ်။
2015-07-11
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းဧရိယာထဲက မြေယာလျော်ကြေး ယူမထားတဲ့ တောင်သူတရာကျော်ဟာ သူတို့မြေယာတွေကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ပေးဖို့ ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-11
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-07-11
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ လယ်သမားငါးရာလောက် ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-11
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲခံထားရ တဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့အမှု ကို ဇူလိုင်လ ၁၀ ရက်နေ့က သုံးရက်မြောက်နေ့အဖြစ် စစ်ဆေးခဲ့ရာမှာ မှုခင်းဆရာဝန်တွေရဲ့တင်ပြချက်တွေဟာ တရား လိုဖက်က တင်ပြချက်တွေနဲ့ မတူညီပဲ ထူးခြားမှုတွေ ထပ်မံတွေ့ရှိရတယ်လို ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
2015-07-10
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင် မြို့ကော့စမွတ်အရပ်မှာ လူကုန်ကူးခံထား ရတဲ့ မြန်မာနိုင်ငံသား ၆၄ ယောက်ကို မနေ့ က ဇူလိုင်လ ၁၀ ရက်နေ့မှာ ထိုင်းစစ်တပ်နဲ့ မြန်မာသံရုံးက အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ အပါအဝင် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့သလို မြန်မာနိုင်ငံသား လူပွဲစား ဂိုဏ်းခေါင်းဆောင်တွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။
2015-07-10
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၄၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
2015-07-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိ ပက္ခကြောင့် တောင်သူဒေါ်ခင်ဝင်းသေဆုံး မှု အမှုမှန်ပေါ်ပေါက်ဖို့အတွက် တရုတ် သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင် ၊ ဒေါ်နော်အုံးလှ၊ ကိုသန်းဆွေ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့် တို့ကို လသာမြို့နယ်တရားရုံးက တရားမဝင်စီတန်းလှည့် လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။
2015-07-10
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးဖို့ အတွက် ကျောင်းသားကျောင်းသူတွေနဲ့ မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-07-10
DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော် တပ်တွေနဲ့ အစိုးရတပ်တွေအကြား အာရှ လမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေ မယ့် တောင်ကြောတွေပေါ်မှာတော့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DKBA တပ်မှူး ဗိုလ်မှူး ချုပ်ကျော်သက်က RFA ကိုပြောပါတယ်။
2015-07-10
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကာလမှာ တစ်နိုင်ငံလုံးအနှံ့က မဲရုံလုံခြုံရေးတာဝန်ယူ ဖို့အတွက် အထူးရဲ ၄ သောင်းဝန်းကျင် ခန့်အပ်တာဝန်ယူ သွားမှာဖြစ်ပြီး ဝန်ထမ်းအသစ်တွေခန့်ထားဖို့ စီစဉ်ထားတယ် လို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။
2015-07-10
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နဲ့ ပြည်နယ်ဝန်ကြီး ၄ ယောက် စုစုပေါင်း ၅ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကနေ နုတ်ထွက်လိုက်ကြပြီး တချို့က ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။