သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-06
စစ်ကိုင်းပညာရေး ကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်မှု စနစ်ကို ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့အတွက် စစ်ကိုင်း ပညာရေး ကောလိပ် ဗကသအဖွဲ့ ဥက္ကဌ ကိုဇော်ရဲ ထွဋ်ကို ကျောင်းကထုတ်ပစ်ခဲ့တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကြွေးကြော်တိုက်ပွဲဝင် ရင်း အာဏာရှိလာတဲ့ NLD အစိုးရရဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ သွေဖယ်နေတယ်ဆိုတဲ့ထောက်ပြဝေဖန် ချက်တွေပေါ်ထွက် နေပါတယ်။
2017-06-06
ပုဒ်မ ၆၆ (ဃ) ဟာ တပ်မတော်က တောက်လျှောက်လက်ကိုင်ထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာကို တိုက်ရိုက်ထိခိုက်နေသလို၊ NLD အစိုးရရဲ့ကြွေးကြော်သံဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက်လဲ ကြီးမားတဲ့ခလုပ်ကသင်းဖြစ်နေတာတွေ့ရတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။
2017-06-06
တနင်္သာရီတိုင်း မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့တွေမှာ ငှက်သိုက်လုပ်ငန်း ကြီးထွားလာနေပါတယ်။
2017-06-06
ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်ဆလင်တွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာကို ထည့်သွင်းစဉ်းစားပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို မွတ်ဆလင်တွေဘက်က ဒီနေ့ တင်ပြလိုက်ပါတယ်။
2017-06-06
ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေ အနေ ဦးမော့ထောင်မတ်နိုင်အောင် ကြိုးစားသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-06-06
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဇွန်လ ၅ ရက်နေ့အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၆၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၁၀ ဦးအထိရှိတယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစံကျော့ခိုင် က ပြောပါတယ်။
2017-06-06
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင် ဆင်ဖို့ နဲ့ ပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုထားတဲ့ အ မှုတွေကို ရပ် ဆိုင်းပေးဖို့ သတင်းသမား ၂၁ ဦးနဲ့ ဖွဲ့စည်း လိုက်တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-06-06
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တရားမဝင် ပယင်းနဲ့ ရွှေမှော်တွေ မှာ နေထိုင်လုပ်ကိုင်နေကြ သူတွေကို လာမယ့် ဇွန်လ ၁၅ ရက်နောက်ဆုံးထား ထွက်ခွာကြဖို့ အစိုးရတပ် မတော်က အဲဒီဒေသမှာ မနေ့က ရဟတ်ယာဉ်နဲ့သွားရောက်ပြီး စာတွေ ဖြန့်ကြဲသတိပေးလိုက်ပါတယ်။
2017-06-06
ကချင်ပြည်နယ်မှာ အန္တရာယ်ရှိစေနိုင်တဲ့ အလုပ်အကိုင်နဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေကနေ အခွန်ကောက်ခံရာ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းရှင်တွေထံက အခွန်ငွေကျပ် သိန်းပေါင်း ၃ ထောင်ကျော်ကို ကောက်ခံရရှိခဲ့ပါတယ်။
2017-06-06
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေ အမြန်ဆုံးပြန် လည်ကောင်းမွန်လာမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။
2017-06-06
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ စနေနေ့ညက အကျဉ်းသား ၇ ဦး ထောင်ဖေါက်ပြေး ခဲ့ကြပါတယ်။
2017-06-05
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ကျောက်စိမ်းမှော်မှာ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ရေ မဆေးကျောက်ရှာဖွေသူတွေ ကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့နဲ့ မထွက်ခွာရင် အင်အားသုံးဖယ်ရှားမယ်လို့ ရဲတပ်ဖွဲ့က ကြေညာ ထားပါတယ်။
2017-06-05
ရန်ကုန်မြို့တွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်လောက်မှာ ပျက်စီးမှုတွေ ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
2017-06-05
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဟာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ချိုးဖောက်နေတယ်လို့ သတင်းမီဒီယာ သမားတွေက ဝေဖန်နေကြပါတယ်။
2017-06-05
ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့ အများစု ရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ရာမှာ အားနည်းတယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။