သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-07
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆန္ဒပြမှုနဲ့ မနေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင် ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။
2015-12-07
တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းတွေ ကနေ မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက် သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကချင်ပြည်နယ်မှာ လုံခြုံရေးသတိရှိ ကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ပြည်နယ်ရဲတပ်ဖွဲ့ရုံးထံ ညွှန်ကြားစာ ပေးပို့ထားပါတယ်။
2015-12-07
ဗမာအပါအဝင် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှ သာ ပြည်ထောင်စုကြီးဟာ အေးချမ်းပြီး တိုးတက်နိုင် မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
2015-12-06
ဒီဇင်ဘာ ၄ ရက်နေ့က NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေတို့ ၂ နာရီကြာတွေ့ဆုံခဲ့ ပါတယ်။
2015-12-06
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင် ဖို့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အစိုးရ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီးရေးဆွဲနေတာ မနေ့က မြန်မာငြိမ်း ချမ်းရေးစင်တာမှာ နောက်ဆုံးနေ့အဖြစ် ဆွေးနွေးပြီး မူကြမ်းရရှိလာပြီဖြစ်ပါတယ်။
2015-12-06
မြန်မာနိုင်ငံဟာ ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေ ဟာ ခေတ်နောက်ပြန်ဆွဲသွားတယ်လို့ Pen America အဖွဲ့က “မပြီးပြည့်စုံသေးသော လွတ်လပ်ခြင်း” ဆိုတဲ့ သူတိုရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါတယ်။
2015-12-06
အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေရပ်ဆိုင်းဖို့ မနက်ဖြန် နေပြည်တော် မှာ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ UPWC အဖွဲ့နဲ့ SSPP/SSAတို့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
2015-12-06
ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။
2015-12-06
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ အဖွဲ့ ဥက္ကဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် ဧဒင်မိုတယ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့် အရေးဟောပြောပွဲအပြီး ပြင်ဦးလွင်ရဲစခန်း က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2015-12-06
၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
2015-12-06
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးကို စစ်တွေမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကနေ (၆) ရက်နေ့ထိ (၂) ရက်ကြာ ကျင်းပနေပါတယ်။
2015-12-06
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-12-06
ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်တာဟာ ငလျင်များဖြစ်ပေါ်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး “မြစ်ဆုံစီမံကိန်း၏ ဘေးအန္တရာယ်များနှင့် ဆည်တမံများ တည်ဆောက်ခြင်းကြောင့် ဘေးထွက်ဆိုး ကျိုးငလျင်များ ဖြစ်ပေါ်နိုင်ခြင်း” ခေါင်းစဉ်နဲ့ ဘူမိဗေဒ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ဟောပြောခဲ့ပါတယ်။
2015-12-06
ရန်ကုန်ုတိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံး လုပ်ကြရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖက်က လမ်းပိတ်ဆို့တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျောက်တန်းမြို့နယ်ရဲစခန်းက ဆင့်ခေါ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
2015-12-05
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့်ခေါ် ကိုနေရွှေသွှေးအောင်ရဲ့ Facebook စာမျက်နှာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ နေပြည်တော်က ဦးသန်းရွှေအိမ်မှာ ၄ ရက်နေ့ က တွေ့ဆုံခဲ့ကြောင်းနဲ့ ဒီစာကို နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ပါသည်ဆိုပြီး စာတစ်စောင် မနေ့ က ရေးထားပါတယ်။