သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-05
ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ သံဃာတွေ နဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်ထားတဲ့ သပိတ်စခန်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အမှုဖွင့်ရင် ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ ပြည်သူ့လွှတ်တော် နားချိန်မှာ သတင်းထောက်တွေ ကို ပြောပါတယ်။
2017-08-05
မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇၊၁ နဲ့တရားဆွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦးအပါအဝင် ၆cဦး အတွက် အာမခံလျှောက်ထားမှုကို သြဂုတ်လ ၄cရက်နေ့က လေးကြိမ်မြောက်ရုံးထုတ်မှာ သီပေါမြို့နယ်တရားရုံးက ပယ်ချခဲ့ပြီး တရားလိုဘက်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2017-08-05
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဒီကနေ့ ဗဟန်းမြို့နယ်တရားရုံးက အာမခံပေးလိုက် ပါတယ်။
2017-08-05
မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို သြဂုတ်လ ၄ရက် ည ၁၀ နာရီအ ထိစောင့်ကြည့်သွားမှာဖြစ်ပြီး ၁ဝ နာရီမှာ မဖယ်ရှားပေးခဲ့ရင် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းအစိုးရက ပြောကြားလိုက် ပါတယ်။
2017-08-04
ဇူလိုင်လဆန်းပိုင်းကတည်းက စတင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အတော်များများမှာ ရေလွှမ်းမိုး မှုကြောင့် အခု သြဂုတ်လဆန်းပိုင်းမှာတော့ တစ်နိုင်ငံလုံးက လယ်ယာမြေဧက ၅ သိန်းကျော်ရေမြုပ်ခဲ့ပါပြီ။
2017-08-04
ပြည်ပနိုင်ငံသားခံယူထားတဲ့ မည်သည့်မြန်မာနိုင်ငံ သားမဆို မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) အတွက် သက်ဆိုင်ရာ သံရုံးတွေမှာ လျှောက် ထားနိုင်ပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထား ပါတယ်။
2017-08-04
၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေးမှာ ပါဝင်ခဲ့သူတွေနဲ့ တည်ထောင်မယ့် နိုင်ငံရေးပါတီသစ်တရပ်ကို ၈ လေးလုံးမျိုးဆက်တွေ ကမကထလုပ်ပြီး ကြိုးပမ်းနေပါတယ်။
2017-08-04
ဒီနေ့မှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၂၂ ဦး ထပ်မံတွေ့ရှိရတဲ့အတွက် တစ်နိုင်ငံလုံးမှာ ဒီနေ့အထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃၂ ဦးရှိပြီး သေဆုံးသူ ၁၄ ယောက်ရှိပြီလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဘီလတောင် ကပြောပါတယ်။
2017-08-04
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာမှာ စေတီပြင်ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၆ ဦးကို ဒီနေ့မနက်က သွားရောက်ဖမ်းဆီးရာမှာ ရွာခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဖြစ် ပွားခဲ့တယ်လို့ အဲဒီကျေးရွာမှာ ရောက်နေတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦး က ပြောပါတယ်။
2017-08-04
မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို သီပေါမြို့နယ်တရားရုံးက အာမခံပယ်ချလိုက်ပါတယ်။
2017-08-04
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေမှုကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်သွင်း ရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်လိုက်ပါတယ်။
2017-08-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကိုင်းကြီးရွာသား ၆ ဦး မနေ့က အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီးနောက်ပိုင်း မေယုတောင်ကြောတဝိုက်မှာ တပ်မတော်က လုံခြုံရေးကို ထပ်မံတိုးချဲ့ချထားလိုက်ပြီး နယ်မြေလုံခြုံမှုအတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့တွေ မောင်တောခရိုင်ရုံးမှာ ဒီကနေ့ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်။
2017-08-04
ရန်ကုန်နဲ့ မန္တလေးမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမှုဖွင့်လာရင် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။
2017-08-04
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေဦးကိုနီ ကို လုပ်ကြံစဉ် အနီးကပ်မြင်တွေ့ခဲ့တဲ့ အငှားယာဉ်မောင်း သုံးဦးကို ဒီကနေ့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးပါတယ်။
2017-08-04
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဒီကနေ့ ၉ ကြိမ်မြောက်ရုံးထုတ်မှာ ဗဟန်းမြို့နယ်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။