သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-05
အစိုးရအပြောင်းအလဲ ကို အောင်မြင်ချောမွေ့စေဖို့အတွက် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက် သွားမယ်လို့ သမ္မတဦးသိန်းစိန်က မြန်မာပြည်သူတွေကို ဒီနေ့ရက်စွဲနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာပြောဆိုလိုက်ပါတယ်။
2015-12-05
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုထဲက ငွေကြေးအလွှဲအပြောင်းဆိုင်ရာ ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2015-12-05
ရခိုင်အမျိုးသားပါတီ(ANP)က လာမယ့် အစိုးရသစ်လက်ထက်မှာ ပါတီရဲ့ ရပ်တည်ချက်နဲ့ ရခိုင်တစ်မျိုးသားလုံး ရဲ့အကျိုးစီးပွားအပေါ်မှာမူတည်ပြီးမှသာ ရွေးကောက်ပွဲအနိုင်ရပါတီတွေနဲ့ ဆက်ဆံသွားဖို့ ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ် လိုက်ကြပါတယ်။
2015-12-05
ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်မှာ တည်ရှိနေ တဲ့အတွက် ငလျင်အန္တရာယ်နဲ့ ကြုံတွေ့နိုင်တာမို့ လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောက်လုပ်သင့်၊ မသင့် စဉ်းစားဖို့လိုအပ်ကြောင်း ဘူမိဗေဒပညာ ရှင်ဒေါက်တာချစ်ကိုကိုက ပြောလိုက်ပါတယ်။
2015-12-05
ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်ပျဉ်းမနားမြို့ မေခန်းမမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-12-05
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မနေ့က ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီ က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က အတည်ပြုပြောပါတယ်။
2015-12-05
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ၂ ပတ်ကျော်ကြာ အကြမ်း ဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အမျိုးသမီး အဖွဲ့အစည်းတွေက လုပ်ဆောင်နေကြပါတယ်။
2015-12-05
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တစ်နှစ်ကျော်အတွင်း သူတို့ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့က ကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-12-05
ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ရှမ်းပြည်နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ရာမှာ အစိုးရတပ်က စာသင်ကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
2015-12-05
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ် လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2015-12-05
ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ဝမ့်ဝနဲ့ ဟိုက်ပါ ဒုက္ခသည်စခန်းတွေ မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒီဇင်ဘာလ ၃ ရက်၊ မနေ့က သွားရောက်အားပေးခဲ့ပါတယ်။
2015-12-05
ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ကလေးငယ်တွေ ကို စိတ်ဓာတ်ရေးရာ အားပေးနိုင်ဖို့အတွက် "ယုံကြည်သော အနာဂတ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေပွဲကို ရန်ကုန်မြို့ ကရဝိတ်ဥယျာဉ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ကျင်းပခဲ့ပါတယ်။
2015-12-05
ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေကို ဒီကနေ့ ရှင်းပြခဲ့ပါတယ်။
2015-12-05
ရခိုင်အမျိုးသားပါတီ(ANP) နဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အေအန်ပီပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို အားပေးတဲ့အနေနဲ့ ထောက်ခံကြိုဆိုပွဲကို စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-12-05
မြန်မာ့သမိုင်းမှာ နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူတဲ့နေ့ နှစ်ပေါင်း ၁၃ဝ ပြည့်အခမ်းအနားကို မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ဝါခင်းကုန်းရပ်ကွက်က မာန်အောင် ရတနာစေတီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။