မြန်မာအပေါ်အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု အနည်းငယ်ဖွင့်ပေးဖို့ အမေရိကန်ပြင်ဆင်နေ


2015.12.05

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှု ထဲက ငွေကြေးအလွှဲအပြောင်းဆိုင်ရာကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ရန်ကုန်မြို့က ဆိပ်ကမ်းကို အမေရိကန်အစိုးရရဲ့ အမည်ပျက်စာရင်းဝင် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းမြင့်နိုင် (ခ) Steven Law က ချုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက်၊ ပိတ်ဆို့မှုဥပဒေအရ ငွေကြေးအလွှဲအပြောင်းလုပ်ရတာတွေအခက်အခဲဖြစ်နေတယ်လို့ နိုင်ငံတကာ ဘဏ်တွေက တင်ပြထားကြတဲ့အတွက် အိုဘားမားအစိုးရက အခုလိုစဉ်းစားလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အမေရိကန်အစိုးရက အားပေးကူညီနေတဲ့အတွက် ကုန်သွယ်ရေးမှာ အခုလိုဖြစ်နေတဲ့ အခက်အလဲပြေလည်အောင် နည်းလမ်းရှာဖြေရှင်းမှာဖြစ်ပြီး၊ နောက် သတင်းပတ်ထဲမှာ အဖြေတစုံတရာထွက်ပေါ်လာနိုင်တယ်လို့သိရပါတယ်။

အမေရိကန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရတာဝန် လွှဲပြောင်းယူပြီးမယ့် ဧပြီလအထိ သူ့ရဲ့ အရေးယူပိတ်ဆို့မှုမူဝါဒတွေကို အပြောင်းအလဲလုပ်လိုဟန်မပေါ်သေးဘူးလို့ သိရပါတယ်။

ဒီကနေ့ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ ပြသနာကြီးတွေထဲကတစ်ခုဖြစ်တဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းရှင် ခရိုနီပြသနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။