သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-05
ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ်ယာမြေ ဧကပေါင်း ၃ သောင်းလောက်ရှိတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာ စီးပွားနဲ့ တောင်သူလယ်သမားရေးရာ ကော်မတီအဖွဲ့ က ပြောပါတယ်။
2015-07-04
ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီမြို့ ကြားက အာရှလမ်းမကြီး အမှတ်-၂ မှာ အစိုးရတပ်မတော်နဲ့ DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကို ရပ်တန့်ပေးဖို့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အကြိုညီလာခံကနေ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
2015-07-04
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက အခြေခံမဲဆန္ဒရှင် စာရင်းတွေကို အခုဇူလိုင်လ အတွင်းမှာ စတင်ကောက်ယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
2015-07-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကော့မှူး မြို့နယ်ထဲက မဲစာရင်းကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2015-07-04
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့မှာ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးဟာ မနေ့က မနက်အစောပိုင်းက ယာယီကယ်ဆယ်ရေး စခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။
2015-07-04
မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ် ကျောင်း သားလေးဦးကို ဖမ်းဆီးခဲ့တာကို ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကန့်ကွက် လိုက်ပါတယ်။
2015-07-04
လွှတ်တော်အသီးသီးက တပ်မတော်သားကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ခေါင်းဆောင် ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ပန်းပဲတန်း မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက် ပါတယ်။
2015-07-04
ကရင်အမျိုးသားညီလာခံ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကရင် အမျိုးသားအကြိုညီလာခံကို ဇူလိုင်လ ၃ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ကျင်းပနေပါတယ်။
2015-07-04
ရှမ်းပြည်တောင်ပိုင်း ကလောမြို့၊ ဘော်ဆိုင်းကျေးရွာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ ကာကွယ်နိုင်ဖို့ အတွက် ဆွေးနွေးပွဲတခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-03
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းမှာ... လွှတ်တော်ကိုယ်စားလှယ်တဦးကို ကိုယ်စားလှယ် အဖြစ်က ပြန်လည်ရုတ်သိမ်းပေးဖို့အတွက် မဲဆန္ဒရှင် (၁%) ရဲ့ သဘောထားနဲ့ ကော်မရှင်ထံ တင်ပြနိုင်တယ်… ဆိုတဲ့ ပုဒ်မ ၃၉၆ (ခ) ကို ပယ်ဖျက်ထားပါတယ်။
2015-07-03
တနိုင်ငံလုံးမှာ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တရက် ကျပ် ၃၆ဝဝ သတ်မှတ်လိုက်တာကို ခရီးစရိတ်၊ နေထိုင်စရိတ်နဲ့ လုပ်ငန်းခွင်ပညာသင်ခွင့်တွေကိုပါ ထည့်သွင်းသတ်မှတ်ပေးမယ်ဆိုရင် လက်ခံမယ်လို့ အလုပ်သမား၊ လယ်သမားအသင်းအဖွဲ့ ငါးခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-07-03
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-07-03
တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ တရားစွဲဆိုခံထားရ တဲ့ The Daily Eleven သတင်းစာက အယ် ဒီတာအဖွဲ့ဝင် ၁၇ ဦးရဲ့ အမှုကို မန္တလေးတိုင်းတရား လွှတ်တော်ရုံးမှာ တစ်ကြိမ်တည်းစစ်ဆေးပြီး ဆုံးဖြတ်ချက် ချမှာဖြစ်တယ်လို့ သိရပါတယ်။
2015-07-03
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ရေပူကျောင်းတိုက်ဆရာတော်ကို ပြင်ဦးလွင်ခရိုင်အချုပ်စခန်းကို ဒီနေ့ ပြောင်းရွှေ့လိုက်ပါတယ်။
2015-07-03
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား မကြာသေးခင်က လက် မှတ်ရေးထိုးထားတဲ့ NCA အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်မူကြမ်းကို မပြင်ဆင်လိုတော့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြားလိုက် ပါတယ်။