သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-03
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့ UNFC က ပြောပါတယ်။
2017-11-03
ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တယ်လို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုပိတ်ခဲ့တဲ့ ထိုင်းနိုင်ငံ လပ်ဘူရီမြို့က မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးတစ်ယောက် သေဆုံးမှုကို ထိုင်းအမျိုးသား မှုခင်းတိုက်ဖျက်ရေးအထူးအဖွဲ့ CSD က ပြန်လည်စစ်ဆေးနေပြီး မနေ့က သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြန်ဖော်ခဲ့ပါတယ်။
2017-11-03
အမေရိကန် ပါတီ ၂ ရပ်လုံးမှာရှိတဲ့ လွှတ်တော်အမတ်တွေက မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ခရီးသွားလာခွင့်အပါအဝင် ပိတ်ဆို့အရေးယူမယ့် ဥပဒေမူကြမ်းတရပ်ကို မနေ့က အဆိုပြုလိုက်ပါတယ်။
2017-11-03
စကော့တလန်နိုင်ငံ ဂလပ်စ်ဂိုမြို့ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ပေးအပ်ထားတဲ့ မြို့တော်လွတ်လပ်ရေးဆုကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2017-11-02
ဒီကနေ့ နိုဝင်ဘာ (၂) ရက်နေ့ဟာ နိုင်ငံတကာ သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း သတင်းသမားတွေနဲ့ သတင်း လုပ်ငန်းတွေအပေါ်မှာ ခြိမ်းခြောက်ခံနေရတာတွေ၊ ဖမ်းဆီးအပြစ်ပေး အရေးယူခံနေရတွေရှိနေတယ် ဆိုတဲ့ အမြင်နဲ့သုံးသပ်ချက်တချို့ကို မသင်းသီရိ ဆက်ပြောပြမှာပါ၊
2017-11-02
၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပေမယ့် မြန်မာနိုင်ငံမှာ တကယ်တမ်း ငြိမ်းချမ်းရေးရဖို့ စိန်ခေါ်မှုတွေ အများအပြားကျန်နေသေးတယ်ဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ ဒီဝေဖန်ချက်တွေဟာ NCA အပေါ်မှာ အစိုးရနဲ့ စစ်တပ်က တရားသေဆုပ်ကိုင်ထားတာကြောင့်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။
2017-11-02
ရှမ်းပြည်နယ်မှာ ရေကာတာ တည်ဆောက်တဲ့ အတွက်ရော၊ ၁၉၉၆ ကတည်းကဖြစ်ပွားနေတဲ့ ထိုးစစ်တွေကြောင့်ပါ ရှမ်းတိုင်းရင်းသားတွေ နေရပ်က စွန့်ခွာရပါတယ်။
2017-11-02
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့သွားရောက်ခဲ့ပါတယ်။
2017-11-02
ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ကို နောင်ချိုမြို့နယ် ပလောင်ကုန်း ကျေးရွာက လူ ၂၀ နီးပါးခန့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-11-02
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို မောင်သူမဲ့ လေယာဉ်ငယ် (Drone) သုံးပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့အတွက် နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ၆ ရက်ရှိပြီဖြစ်ပါတယ်။
2017-11-02
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်မြောက်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ခုံသမာဓိကောင်စီဝင်တွေရဲ့ ဖွဲ့စည်းပုံနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ပြင် ဆင်ထားတယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
2017-11-02
နိုင်ငံရေးပါတီတွေအားလုံး ပါတီဝင်စာရင်းတွေ ပြန်လည်တင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-02
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဒေသကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့သွားရောက်ခဲ့ပါတယ်။
2017-11-02
နောင်ချိုမြို့နယ်၊ ပလောင်ကုန်းကျေးရွာက လူ ၂၀ လောက် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ဟာ မနေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
2017-11-02
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဒီနေ့နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ လူနည်းစုသာကျန်တော့တဲ့ ဒုက္ခသည်စခန်းတွေကို အများစုစခန်းတွေနဲ့ ပူးပေါင်းသွားဖို့ စီစဉ်တာသာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။