တပ်မတော်ခေါင်းဆောင်တွေ အရေးယူရေး ကန် အမတ်တွေ အဆိုပြု


2017.11.03
military-leaders-622.jpg ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ မြန်မာ့တပ်မတော် အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA
အမေရိကန် ပါတီ ၂ ရပ်လုံးမှာရှိတဲ့ လွှတ်တော်အမတ်တွေက မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ခရီးသွားလာခွင့်အပါအဝင် ပိတ်ဆို့အရေးယူမယ့် ဥပဒေမူကြမ်းတရပ်ကို မနေ့က အဆိုပြုလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုအတွက် အခု အဆိုကို ထောက်ခံ တင်သွင်းခဲ့သူတွေထဲမှာ ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ဥက္ကဌ John McCain ဂျွန် မက်ကိန်း နဲ့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင် Ben Cardin ဘင် ကားဒင် တို့ ပါဝင်ပါတယ်။

အခုတင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းမှာ မြန်မာပြည်ကထွက်တဲ့ ကျောက်မျက်တွေ ဝယ်ယူတင်သွင်းမှု ပိတ်ပင်တဲ့ ဥပဒေကို ပယ်ဖျက်ရာကနေ ပြန်လည်ပြဌာန်းရေး၊ မြန်မာ့တပ်မတော်ပိုင် ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်ဆံတဲ့ နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူရေးနဲ့ တားမြစ်မှုနဲ့သက်ဆိုင် သူတွေကို ဗီဇာပိတ်ပင်ရေးတွေပါဝင်ပါတယ်။

အလားတူ ဥပဒေမူကြမ်းတခုကို ပါတီ ၂ ရပ်လုံးမှာပါဝင်တဲ့ အောက်လွှတ်တော် အမတ်တွေကလည်း တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။