သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-01
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာကိုးသောင်း အကူအညီပေးပြီး ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်အတွက် မြန်မာကျောင်းသူကျောင်းသား ၁ဝ ယောက်ကို ပညာသင်ဆု ချီးမြှင့်မယ်လို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောလိုက်ပါတယ်။
2019-05-01
ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲမှုကို နောက်ထပ် နှစ်လတိုးမြှင့်ကြောင်း မြန်မာ့တပ်မတော်က ကြေညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2019-05-01
ရသင့်ရထိုက်တဲ့ ဥပဒေပါအခွင့်အရေးတွေ အပြည့်အဝခံစားခွင့်ရဖို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ အလုပ်သမားတွေက တောင်းဆိုလိုက်ကြပါတယ်။
2019-05-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံရွာသား သုံးရာလောက်ကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
2019-05-01
အလုပ်သမားအရေးကိစ္စတွေမှာ အစိုးရနဲ့ လွှတ်တော်က အဓိက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၁၅၀ ခန့် က ဒီနေ့ ကျရောက်တဲ့ မေဒေးနေ့ အလုပ်သမားနေ့မှာ မန္တလေးမြို့မှာ စုပေါင်းချီတက်တောင်းဆိုကြပါတယ်။
2019-05-01
အလုပ်သမားအရေးကိစ္စတွေမှာ အစိုးရနဲ့ လွှတ်တော်က အဓိက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၁၅၀ ခန့် က ဒီနေ့ ကျရောက်တဲ့ မေဒေးနေ့ အလုပ်သမားနေ့မှာ မန္တလေးမြို့မှာ စုပေါင်းချီတက်တောင်းဆိုကြပါတယ်။
2019-05-01
ကမ္ဘာမှာ အဆိုးဝါးဆုံး ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုနိုင်ငံ ၁၆နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2019-05-01
Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ပြီး အကျိုးရှိနိုင်တယ်ဆိုပေမယ့် ဒေသခံလူထုအသိုင်းအဝန်းရဲ့ ယုံကြည်ထောက်ခံမှုရရှိဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2019-05-01
အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ မြန်မာလို အမည်ပေးထားတဲ့ ARSA (Arakan Rohingya Salvation Army) အာဆာအဖွဲ့က နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG International Crisis Group က ထုတ်ပြန်ပြောကြားခဲ့သလို ခြိမ်းခြောက်မှုတွေနဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ကျူးလွန်နေခြင်း မရှိဘူးလို့ ဧပြီလ ၃ဝ ရက်နေ့စွဲနေ့ မနေ့က တုံ့ပြန်ပြောကြားပါတယ်။