သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-01
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ မှာ ကျပ်သိန်း ၄၅ဝဝ တန် ရေငံတားတမံ ဟာ တည်ဆောက်ပြီးတာ ၁ လကျော်သာ ရှိသေးပြီး ပြိုကျတဲ့အတွက် ပြန်ဆောက်ဖို့ နဂိုက ဆောက်ခဲ့တဲ့ ဆည်မြောင်းဌာနကသာ အကုန်အကျ ခံ ပြန်ဆောက်ပေးရမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာအေးဇံက ဒီနေ့ ပြောလိုက်ပါတယ်။
2017-06-01
မကွေးတိုင်းဒေသကြီး ဝန်ကြီးဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတိုင်းအစိုးရ ကို ပြန်လည်ပေးသွင်းဖို့ ကတိပြုထား တဲ့ ဒေသဖွံဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သိန်းပေါင်း ၂ ထောင် ကို တတိယအကြိမ် ပေးသွင်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်း ပေးပြီးသွားပြီဖြစ်ပါတယ်။
2017-06-01
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်ဒေသမှာ တရားမဝင် ရွှေတူးဖော်ထုတ်လုပ်နေတာတွေကို အရေးယူပေးဖို့ရှိမရှိကို မေလ ၃၁ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မိုးညှင်းမြို့နယ် NLD လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန်းစန်းအိ က မေးမြန်းခဲ့ပါတယ်။
2017-06-01
ကချင်ပြည်နယ်မှာ ပုဂ္ဂလိကနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ မြေယာတွေကို "လယ်ယာမြေနဲ့ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ" အရ နိုင်ငံပိုင်အဖြစ် ပြန်လည်စိစစ် သိမ်းယူပြီး မြေယာမဲ့တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2017-06-01
မိုရာ ဆိုက်ကလုန်းမုန်တိုင်း အရှိန်ကြောင့် စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ နေအိမ်ခန်းတွေ ထောင်နဲ့ချီ ပျက်စီးသွားပါတယ်။