သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-02
နိုဝင်ဘာ ၂၉ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းမြောက်ရွာက အသက် ၂၅ နှစ်အရွယ် ကိုသန်းထွန်းအောင် ဟာ ရဲနဲ့စစ်တပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အဖမ်းခံရပြီး လေးနာရီအကြာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-02
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်အာဏာ ရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရတဲ့ စစ်ဘေးဒုက္ခသည် ၂၆၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။
2021-12-02
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ထဲမှာ အခုနှစ် သြဂုတ်လနောက်ပိုင်း စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ၁၅၀၀ ကျော်ဟာ စားဝတ်နေရေး ခက်ခဲ နေပါတယ်။
2021-12-02
မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု ( ISP Myanmar) မှာ သုတေသီ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ The Voice journal ရဲ့ အယ်ဒီတာဟောင်း ကိုအောင်မျိုးထက် ကို နိုဝင်ဘာလ ၃၀ ရက်နေ့က အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-02
မန္တလေးတိုင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အချိန်တစ်လခန့်အတွင်း PDF အဖွဲ့ဝင် ၃၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာကနေတဆင့် ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-02
ကိုဗစ် ပထမလှိုင်းကနေ တတိယလှိုင်းအထိ ပရဟိတသမားတွေရဲ့ အခန်းကဏ္ဏဟာ အရေးကြီးတဲ့ နေရာကနေ ပါဝင်ကူညီနေကြပါတယ်။ ကိုဗစ်တတိယလှိုင်းရဲ့ ကူး စက်မှုနဲ့ လူသေဆုံးမှု အမြင့်ဆုံးဖြစ်တဲ့ ဇူလိုင်လမှာတော့ ပရဟိတ သမားတွေဟာ နေ့မနား၊ ညမအား သေဆုံးလူနာနဲ့ ဆေးရုံပို့လူနာ ပို့ဆောင်ရေးတွေအပြင် အောက်ဆီဂျင်ရှာဖွေရေးတွေပါ လုပ် ဆောင်ပေးခဲ့ရပါတယ်။
2021-12-01
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအတွက် ဘယ်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပေးမလဲ ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂ ကိုယ်စားပြုအဖွဲ့ စိစစ်ရေးကော်မတီ UN credential committee က လောလောဆယ် မဆုံးဖြတ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားလိုက်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဖြစ်တဲ့ ဆွီဒင်နိုင်ငံ သံအမတ် Anna Karin Enestrom က ဗုဒ္ဓဟူးနေ့ ညနေမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2021-12-01
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုမြဖြိုးကိုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး တောတွင်းတစ်နေရာမှာ စစ်ရေး လေ့ကျင့်နေပါတယ်။
2021-12-01
အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပထမဆုံးအကြိမ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနေ့က စတင်ခဲ့တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-01
ရာသီဥတု ပြင်းထန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ လည်ပတ်တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။
2021-12-01
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ယမ်ယမ်ခေါက်ဆွဲခြောက် စက်ရုံ မနေ့ည ၁၀ နာရီခွဲလောက်မှာ မီးလောင်ခဲ့ပါတယ်။
2021-12-01
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်တွေကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခုလာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2021-12-01
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ငါးဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ စွဲချက်တင် အမိန့်ချခံလိုက်ရပါတယ်။
2021-12-01
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်တော်လှန်မှု အမြင့်ဆုံးဒေသ တစ်ခု ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း အင်အားအလုံး အရင်းနဲ့ ချေမှုန်းနေတာကြောင့် ၁၀ လ အတွင်းမှာ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့တာကို တွေ့ရပါတယ်။
2021-12-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ပြည်သူတွေရဲ့ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေဟာ ဒီနေ့အထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအထဲက ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဖြိုးဟာ တောင်ဒဂုံက ဆန္ဒပြပွဲမှာပါဝင်ရင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းရာကနေ ကျည်ထိမှန်ပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။