သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-04
လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအလုပ်ရုံအလုပ်သမားတွေအတွက် “ဘဝအဟာရ” နံမည်နဲ့ ဈေးချိုပြီး အဟာရအပြည့်ပါတဲ့ ဟင်းလျာလေးတွေ ချက်ရောင်းပေးနေတဲ့ ဦးဝင်းချိုရဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝအစီအစဉ်ကြောင့် အလုပ်သမားလောကမှာ အတော်အကျိုးများခဲ့ပါတယ်။
2016-08-04
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါဝင်နိုင်ဘဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေနဲ့ လက်နက်စွန့်စရာမလိုဘဲ ဆွေးနွေးပွဲ တက်ရောက်နိုင်ပြီလို့ မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူတစ်ဦးက ပြော ဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2016-08-04
ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက် ချောင်းဆုံရွာဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2016-08-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မှာ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE က ဒေသခံတောင်သူ ၂၀ ကျော်ကို ဒီနေ့ သီးနှံလျော်ကြေးငွေပေးအပ်ရာမှာ ဒေသခံတောင်သူတွေ က ငြင်းဆိုလိုက်ပါတယ်။
2016-08-04
နိုင်ငံအဝန်းရေကြီးနိုင်တဲ့ နေရာအားလုံး ကြိုတင်ကာကွယ်ရေးအစီအမံတွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ဆောင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးတို့က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြ ပါတယ်။
2016-08-04
တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် ဂိတ်တွေဖြစ်တဲ့ မောတောင်၊ ထီးခီး နဲ့ ကော့သောင်း နယ်စပ်ဂိတ်တွေမှာ သီးသန့် လုံခြုံရေးအင်အား တိုးမြှင့်ပေးဖို့ အရေးပေါ်စီမံ ခန့်ခွဲရေး အစည်းအဝေးမှာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာ လဲ့လဲ့မော် က တောင်းဆိုလိုက်ပါတယ်။
2016-08-04
ဘာသာရေးနဲ့သက်ဆိုင်တဲ့ အဆောက် အဦးတွေကို ဆောက်လုပ်ရာမှာ သက်ဆိုင် ရာတိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒေသ ခံတွေရဲ့ထောက်ခံချက် ပါရှိရမှာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက် လုပ်တာတွေကို ဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ပြောပါတယ်။
2016-08-04
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကံဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Total၊ Petronas နဲ့ PTTEPI ကုမ္ပဏီတွေဟာ ဒေသခံတွေ ရဲ့အကျိုးစီးပွားကို လျစ်လျူရှုနေကြတယ်ဆိုပြီး ကျေးရွာ၂ဝ က လူ ၆ဝဝ ကျော်ဟာ ကုမ္ပဏီတွေရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ ကြပါတယ်။
2016-08-04
အနာဂတ် ကောင်းမွန်ရေးဟာ ပညာရေးအပေါ် မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးဟာ ဆရာ ဆရာမတွေအပေါ် မူတည်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-08-04
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ ဒေသခံ စေတနာရှင်တွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ မေတ္တာအိုးဝေ ဆိုတဲ့အမည်နဲ့ စစ်ဘေး ဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားတွေ အတွက် ဘော်ဒါဆောင်ကို မနေ့က ဖွင့်လှစ်ပေးခဲ့ ပါတယ်။
2016-08-04
ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကလေးငယ်တွေရဲ့ အရေးကိစ္စတွေကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေး အဖြေရှာကြစေလိုကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က တိုက်တွန်းပါတယ်။
2016-08-04
ဧရာဝတီမြစ်ရေ မြင့်တက်နေတဲ့အတွက် မန္တလေး တိုင်းအတွင်းက မြို့နယ် ၉ ခုမှာ ရေကြီးရေလျှံမှုဖြစ် ပြီး ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၃ သောင်း ၆ ထောင်ကျော် ရေဘေးဒဏ် ခံစားနေ ရပါတယ်။
2016-08-04
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတခု ဖြစ်တဲ့ မိုးမောက်မြို့နယ်မှာရှိတဲ့ အင်ခေါင်းပါ စစ်ပြေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။
2016-08-04
အလားတူပဲ မကွေးတိုင်းမှာလည်း လူဦးရေ ၆ သောင်းနီးပါး ရေဘေးဒဏ် ခံနေကြရပါတယ်။ မင်းဘူးမြို့မှာ ဧရာဝတီမြစ်ကမ်းနဘေးက ရပ်ကွက်ကြီး ၂ ခုနဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။
2016-08-04
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတာတွေ၊ စိစစ်ရေးကတ်ပြား လဲလှယ်ခွင့်တွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့ပါတယ်။