သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-03
ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့် ထက်မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ပြည် နယ် ၆ခုမှာ ရေဘေးဒုက္ခသည် ၁သိန်း ၃ သောင်းနီးပါးအထိ ရှိနေပါတယ်။
2016-08-03
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ တစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီး ရွယ်အို စုစုပေါင်း ၃၃ ဦး သေဆုံးသွားတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။
2016-08-03
ပြည်သူအများစုဟာ အကြောက်တရားတွေ နဲ့ ရှင်သန်နေရတဲ့အတွက် အစိုးရသစ်အနေ နဲ့ မှုခင်း ကျဆင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-08-03
အရင်အစိုးရလက်ထက်ကရှိခဲ့တဲ့ အမည်ပျက်စာရင်း Black List မှာ ထည့်သွင်းခံထားရတဲ့အထဲက မြန်မာနိုင်ငံ သား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို စာရင်းကနေ ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-08-03
"ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ရခိုင်ပြည်နယ် အတွင်းကို တရားမဝင် ဝင်ရောက်လာ သူတွေကို ဘင်္ဂါလီလို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း" အဆိုတရပ်ကို ဘူးသီးတောင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင် သိန်း က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ ရာမှာ အဲ့ဒီအဆိုကို လက်ခံဆွေးနွေးဖို့ ပြည်နယ်လွှတ်တော် က ဆုံးဖြတ်လိုက်ပါတယ်။
2016-08-03
အစ္စလာမ်မစ်အစွန်းရောက် IS က မလေးရှားနိုင်ငံ က ရဲစခန်းတစ်ခုကိုပေးပို့တဲ့ ခြိမ်းခြောက်စာထဲ မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင် ငံတော် အကြီးအကဲတွေရဲ့လုံခြုံရေးကို ပုံမှန်ထက် အလေးထားဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-08-03
ဒီနေ့မနက်က တနိုင်းဒေသမှာ အစိုးရ နဲ့ ကေအိုင်အိုတပ်တွေအကြား တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။
2016-08-03
နှစ်နိုင်ငံသဘောတူစာချုပ် MOU ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ် သမားတွေက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းပြနေစဉ် မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံက လုပ်ငန်းရှင်ဆိုသူတွေ ရောက်လာပြီး အချေအတင် စကားများခဲ့ကြပါတယ်။
2016-08-03
မြန်မာနိုင်ငံတဝှမ်းမှာ သွေးလွန်တုတ်ကွေးရော ဂါဖြစ်ပွားသူ ၄၈၅၅ ဦး ရှိပြီး၊ သေဆုံးသူ ၂၀ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာဇော်လင်း က ပြောပါတယ်။
2016-08-03
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေ ၁ သိန်းနီးပါးလောက် ရေဘေးဒဏ်ခံနေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
2016-08-03
ရေကြီးမှုလွန်နောက်ပိုင်းအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အသည်းရောင်အသားဝါ A ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အဆုပ်အအေးမိ အပါအဝင် မြွေနဲ့အတူ အဆိပ်ရှိတဲ့ အကောင်တွေကိုက်တဲ့ ပြဿနာတွေကို ရေဘေးသင့်ပြည်သူတွေ ဘယ်လိုကြိုတင်ကာကွယ်ထားသင့်ပါသလဲ၊ ရေဘေးကြောင့် ကြုံလာနိုင်တဲ့ ကျန်းမာရေး အန္တရယ်တွေနဲ့ ပတ်သက်လို့ ကနေဒါနိုင်ငံ၊ အယ်လ်ဘားတားတက္ကသိုလ်မှာ ကထိက ဒေါက်တာခင်စောဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊။
2016-08-03
မြန်မာနိုင်ငံအလယ်ပိုင်း ရေဘေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာ ညိုထွန်းလူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-03
ဧရာဝတီမြစ်ရိုးတလျှောက် ရေကြီးနေတဲ့ဒေသခံပြည်သူတွေကို အစိုးရက ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီး အရေးပေါ်လိုအပ်မယ့် စားနပ်ရိက္ခာနဲ့အသုံးအဆောင်တချို့ကို ကူညီနေပါတယ်။ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ပူးပေါင်းကူညီမှုကို ကြိုဆိုကြောင်းနဲ့ ပြည်သူတွေ အရေးပေါ် ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းလိုင်း ၂ လိုင်းကိုလည်း၂၄ နာရီဖွင့်ထားကြောင်း သက်ဆိုင်ရာကပြောပါတယ်။ ဆက်သွယ်ရမယ့် နံပါတ်တွေကတော့ ဝ၆၇-၄ဝ၄-၆၆၆ နဲ့ ဝ၆၇-၄ဝ၄-၇၇၇ တို့ဖြစ်ပါတယ်။
2016-08-02
နိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရေး အတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2016-08-02
ကချင်ပြည်နယ်က တရားရုံးတွေမှာ ဘဏ္ဍာ သိမ်းပစ္စည်းအဖြစ် အမိန့်ချမှတ်ပြီး သိမ်း ဆည်းထားတဲ့ ယာဉ်မျိုးစုံကို လေလံ တင် ရောင်းချသွားမယ်လို့ ပြည်နယ် လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဦးဝင်းညွှန့် က ပြောပါတယ်။