သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-11
နိုဝင်ဘာလ ၁၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " အမျိုးသမီး စွန့်ဦးတီထွင်သူများရဲ့ အတွေ့အကြုံ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ မေပြည့်စုံကြွယ် ( ကျောင်းအုပ် - Matrix Institute of Professionals ) နဲ့ မစိုးအေမီကျော် (အမှုဆောင်ဒါရိုက်တာ (CEO) - Ananda Cocoa and Coffee) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-11
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်အတွက် လျော်ကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တေ့ွဆုံစဉ် ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
2017-11-11
မကြာခင် ကျင်းပမယ့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့ ၂၀ကျော်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တေ့ွဆုံခွင့်တောင်းထားပါတယ်။
2017-11-11
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ မူးယစ်အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲသူ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
2017-11-11
မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ကျောက်ထုတ်ရေးစီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရှိနေတာကြောင့် ကျောက်မိုင်းတွေကို ပိတ်သိမ်းပေးဖို့ လူမှုဖွ့ဲဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့နယ်)က တောင်းဆိုလိုက်ပါတယ်။
2017-11-11
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး တစ်တင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ရခိုင်ပြည်နယ် အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-11
မြန်မာနိုင်ငံတဝှန်းမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ်က ဦးဆောင်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ပွဲတွေ ပြုလုပ်နေပါတယ်။ ဒီအပေါ် သဘောထား အမြင်တွေကို RFA မြန်မာပိုင်းက စုစည်းတင်ပြ ထားပါတယ်။
2017-11-11
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လူ့အခွင့်အရေး အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင် တက်ရောက်နေပါတယ်။
2017-11-11
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးသူတွေအတွက် SIM ကဒ်တွေ မှတ်ပုံတင်ဖို့ကို ၂၀၁၆ ခုနှစ်ထဲက ကြိုးစားခဲ့ပြီး ထိုင်း၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းသုံးသူတွေ ဆင်းကဒ်မှတ်ပုံတင်တဲ့အခါ ဓါတ်ပုံဖြစ်စေ၊ လက်ဗွေဖြစ်စေ ပေးရမှာဖြစ်တယ်လို့ ကန့်သတ်ကြေညာလိုက်ပါတယ်။
2017-11-11
ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီးက ညွှန်ကြားတာဟာ ဒေသဆိုင်ရာလိုအပ်ချက်ကြောင့်လို့ ပြောဆိုသူတွေရှိသလို၊ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် တစ်စုံတစ်ယောက်က တရားစီရင်ရေးကို ဦးတိုက်လျှောက်ထားခွင့်ရှိတယ်လို့လည်း ထောက်ပြမှုတွေရှိပါတယ်။
2017-11-10
နေပြည်တော် လွှတ်တော်အဆောက်အအုံနားမှာ မောင်းသူမဲ့ Drone ယာဉ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့ မြန်မာစကားပြန် အပါအဝင် ၄ ဦးကို နေပြည်တော်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်ရမှာပါ။
2017-11-10
ဒီနှစ်ပွင့်လင်းရာသီရဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကချင်ပြည်နယ်က လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေ တွေမှာ ကုမ္ပဏီတွေက စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။
2017-11-10
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုး ဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံ တောင်းခံထားတဲ့အထဲက ငွေကျပ် ဘီလီယံ ၇ဝ ကျော်ကို ၂ဝ၁၇ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး က ဖြတ်တောက်လိုက်ပါတယ်။
2017-11-10
ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်စီမံကိန်းကို ဒေသခံတွေ၊အရပ်ဖက်အဖွဲ့တွေက ကန့်ကွက်ကြပေမယ့် ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေကပါ ထောက်ခံနေကြပါတယ်။
2017-11-10
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးသူတွေအတွက် SIM ကဒ်တွေ မှတ်ပုံတင်ဖို့ကို ၂၀၁၆ ခုနှစ်ထဲက ကြိုးစားခဲ့ပြီး ထိုင်း၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းသုံးသူတွေ ဆင်းကဒ်မှတ်ပုံတင်တဲ့အခါ ဓါတ်ပုံဖြစ်စေ၊ လက်ဗွေဖြစ်စေ ပေးရမှာဖြစ်တယ်လို့ ကန့်သတ်ကြေညာလိုက်ပါတယ်။