သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-08
NCA စာချုပ်မှာ လက်မှတ်ရေးထိုးရေးအဆုံးအဖြတ်ပေးနိုင်မယ့် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ဒီလ ၂၃ ရက်နေ့မှာ ကျင်းပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။
2017-11-08
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။
2017-11-08
ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ အမှုပိတ်သိမ်းထားတဲ့ မြန်မာနိုင်ငံသား အိမ်အကူ မိန်းကလေးအလုပ်လုပ်တဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံမျိုး မတွေ့ရဘူးလို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
2017-11-08
ကချင်ပြည်နယ်မှာ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို အသုံးပြုနေကြတဲ့ ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2017-11-08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအစိုးရကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
2017-11-08
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာ အုပ်စုအနီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်မယ့်ဧရိယာထဲ ပါဝင်တဲ့ ကျေးရွာ ၂၀ ကျော်က ဒေသခံ ၃၀၀ ကျော်ဟာ တောတောင်ရေမြေသဘာဝမပျက်စီးစေဖို့ သုံးအိမ် ကျေးရွာမှာ ဒီနေ့မနက်က ဆုတောင်းပွဲ ကျင်းပခဲ့ ပါတယ်။
2017-11-08
တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို လက်မလွတ်သေးဘဲ စည်းရုံးနေပေမယ့် လူထုက လက်မခံဘူးလို့ KDP ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂျီအောင်ခမ်း က ပြောပါတယ်။
2017-11-08
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ ဆောင်ရွက်တဲ့အခါ လူတစ်ယောက် အခြေခံလိုအပ်တဲ့ စား၊ဝတ်နေရေးပေါ်မှာတွက်ပြီး မူတည်ဆုံးဖြတ်သင့်သလို၊ ဥပဒေကိုလဲမျှတစေချင်တယ်လို့ ပြောဆိုကြပါတယ်။
2017-11-07
လက်ရှိ NLD အစိုးရရဲ့ဆောင်ရွက်ချက်တွေကို အားမရတဲ့အတွက် ပြည်ထောင်စုကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခုနောက်ပိုင်းမှာ ရွာလုံးကျွတ်ဝင်လာကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
2017-11-07
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး ကို အသက်အန္တရာယ်ပေးမယ်ဆိုပြီး ခြိမ်းခြောက် တဲ့ လောင်းကစားသမားတစ်စုကို အမှုဖွင့်ထား ပါတယ်။
2017-11-07
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-07
အလုပ်သမား ၁၀ ယောက်နဲ့အထက် လုပ်ငန်းတွေကိုသာ အနည်းဆုံးအခကြေးငွေသတ်မှတ်ဖို့နဲ့ သတ္တုတွင်း အလုပ်သမားတွေအတွက် တနေ့လုပ်အားခ ၈ ထောင်နဲ့ ၁ သောင်းကြားမှာ ဖြစ်သင့်တဲ့အကြောင်း ဆွေးနွေး ခဲ့တယ်လို့ နမ္မတူဘော်တွင်းအလုပ်သမားအဖွဲ့က ကိုမြင့်ဦးက ပြောပါတယ်။
2017-11-07
လာမယ့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ကို အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူ ၂၀ ခန့်လာရောက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေဆွေးနွေးဖို့ အစိုးရက အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
2017-11-07
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကြေညာချက်ကို ပြင်သစ်နိုင်ငံ က အင်္ဂါနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။
2017-11-07
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်လိုက်ပါတယ်။