သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-03
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၅၄ ဦးကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကိုအောင်စည်သူကို အာမခံပေးလိုက်ပါတယ်။
2015-11-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်ဇော်မြင့်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အတွက် မောင်တောမြို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဗဟန်းမြို့နယ်က ရွှေတောင်ကြားရပ်ကွက်က မဲရုံမှာ ဆန္ဒမဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
2015-11-03
နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ် ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
2015-11-03
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ PACE အဖွဲ့ က ရွေးကောက်ပွဲနေ့မှာ သူတို့အဖွဲ့အနေနဲ့ ဘယ်လိုလေ့လာစောင့်ကြည့် သွားမယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ ကုန်သည် လမ်းက ဖန်တီးရာရုံးခန်းမှာလည်း ရွေးကောက် ပွဲစောင့်ကြည့်လေ့လာမယ့် ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့ကလည်း ရွေးကောက်ပွဲမှာနေ့ မှာ စောင့်ကြည့်လေ့လာသွားမယ့်အကြောင်း သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-11-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ကျောက်ဖြူမြို့မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒီနေ့ စစ်တွေမြို့မှာ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-11-03
နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးကမဲပေးခွင့်ရသူတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးတွေမှာ ဒီကနေ့စတင်ကြေညာထားပြီ ဖြစ်ပါတယ်။
2015-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နာယက သူရဦးတင်ဦးဟာ မနေ့က နိုဝင် ဘာလ ၁ ရက်နေ့ က ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏမြို့ဦး စေတီကွင်းမှာ ရွေးကောက် ပွဲအောင်နိုင်ရေး အတွက် ဟောပြောခဲ့ပါတယ်။
2015-11-03
မကွေးတိုင်း မင်းလှမြို့နဲ့ မင်းဘူးမြို့တွေမှာ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒါရိုက်တာကြည်ဖြူရှင် ဦးဆောင်တဲ့တေးသံရှင်တွေ နိုဝင်ဘာလ ၁ ရက်နေ့က စည်းရုံး လှုံ့ဆော်ခဲ့ကြပါတယ်။
2015-11-03
မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာတွေနဲ့ ပတ်သက်ပြီး "ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်" က ရန်ကုန်မြို့မှာ ဒီကနေ့ ဟောပြောရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2015-11-03
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ တနင်္သာရီမြို့နယ် လယ်ယာတောင်ကျေးရွာမှာ မဲဆွယ်စည်းရုံး ခဲ့ကြပါတယ်။
2015-11-03
နေပြည်တော်ကောင်စီနယ်မြေ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁ဝ ဦးဟာ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်း မှာ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-11-03
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ အောက်တိုဘာလ ၃၁ ရက်နေ့က ပဲခူးတိုင်း ကညွတ်ကွင်းမြို့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-11-03
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ရေဘေးဒုက္ခသည်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို အလိုတော်ပြည့်ဆရာတော် ဦးစီးပြီး ရန်ကုန်မြို့ Myanmar Event Park မှာ အောက်တိုဘာလ ၃ဝ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။