သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းဖို့ မနေ့က UMFCCI မှာကျင်းပတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2017-10-22
ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က မြန်မာအလုပ်သမား ၁ ထောင်လောက် အလုပ်လုပ်နေတဲ့ လို့စ်တက်စ်ဆိုဖာစက်ရုံဟာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2017-10-22
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်မှာ မြေကျွံမှုဖြစ်ပွားခဲ့ တာကြောင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေ ဒီကနေ့ သွားရောက်စစ်ဆေးပြီး အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးရွှေ့ပြောင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
2017-10-22
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုဖြစ်စဉ်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မောင်တောဒေသမှာ နေထိုင်သူ ၁၀၀ ခန့်ကို နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ကတ်တွေ စိစစ် ထုတ်ပေးခဲ့ပါတယ်။
2017-10-21
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ညက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ဖြစ်ရပ်ဟာ နိုင်ငံတော်အဆင့် အကြီးအကဲတွေနေထိုင်ရာ၊ ဝန်ကြီးဌာနတွေအခြေစိုက်ရာ၊ လွှတ်တော်တွေ တည်ရှိရာ လုံခြုံရေးတင်းကြပ်တဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။
2017-10-21
အောက်တိုဘာလ ၂၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မောင်တောအရေး တိုင်းပြည် စီးပွားရေး၊ နိုင်ငံရေးအပေါ် သက်ရောက်မှု" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုအောင်မျိုးမင်း (ဒါရိုက်တာ - ညီမျှခြင်း မြန်မာ ) နဲ့ ကိုသီဟသွေး (နိုင်ငံခြား သတင်းထောက်) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-10-21
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကွာလာလမ်ပူ စီးတီးစင်တာ KLCC မှာ မနေ့က ရန်ပြုခံခဲ့ရတဲ့ သံဃာ ၂ ပါးနဲ့ မေတ္တာနန္ဒပရဟိတအဖွဲ့ ဒုဥက္ကဌတို့က ကွာလာလမ်ပူမြို့ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2017-10-21
မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကတ်ပြား NVC ကတ်တွေ မထုတ်ယူဖို့ အကြမ်းဖက်သမားတွေက မွတ်စလင်တွေကို ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-10-21
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ကျုံထော်ရွာအနီးမှာ တပ်မတော်၊ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့အကြား ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ နယ်ခြားစောင့်တပ်က ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
2017-10-21
အွန်လိုင်းပေါ်ကတဆင့် လောင်းကစားလုပ်သူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတချို့ရဲ့ တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက အောက်တိုဘာလ ၁၈ ရက်နေ့က စပြီးပိတ်သိမ်းလိုက်တယ်လို့ မူဆယ်မြို့က ဆန်ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။
2017-10-20
၂၀၁၇ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရေးဆွဲရာမှာ လက်ရှိ စည်ပင်သာယာရေးဌာနတွေရဲ့ ဖွဲ့စည်းပုံကိုပါ ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2017-10-20
ရခိုင်ပြည်နယ်ထဲက လတ်တလောအရေးအခင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ခွာသူမွတ်စလင်တွေကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရိုဟင်ဂျာတွေအဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ်။
2017-10-20
ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးဟာ လတ်တလောမှာ တည်ငြိမ်နေတယ်ဆိုပေမယ့် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို သတိထားစောင့်ကြည့်ဖို့ လိုနေဦးမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဦးမောင်မောင်အုန်းက သုံးသပ်ပါတယ်။
2017-10-20
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းတွေကို တစ်လအတွင်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေကပြောပါတယ်။
2017-10-20
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီကို ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေက ဒီကနေ့ ကျပ်သန်းပေါင်း ၁၆၇၀၀ လှူဒါန်းလိုက်ပါတယ်။