သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်ထဲမှာ စနေနေ့ညက ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ပေါ်ကနေ မြစ်ကမ်းဘေးကရွာတချို့ကို ပစ်ခတ်လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မြန်မာ့တပ်မတော်ကတော့ သူတို့ကို AA အဖွဲ့ကတိုက်လို့ ပြန်တိုက်တာလို့ မနေ့က မေလ ၃၁ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
2020-05-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း မနေ့ညက ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ကနေ ကမ်းဘေးက ကျေးရွာတချို့ကို ပစ်ခတ်ခဲ့လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-05-31
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အာဆီယံ အမွေအနှစ်စာရင်းဝင် UNESCO အသိအမှတ်ပြု အင်းတော်ကြီးအိုင်မှာ ရေလျော့နည်းလာပြီး ဒါဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
2020-05-31
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က မွတ်ဆလင်တွေနေရာမှာ ဝင်ရောက်ကျူးကျော်နေသူတွေကို ဖယ်ရှားဖို့ အမိန့်စာကပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး လုပ်ကြံခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရကို ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်
2020-05-31
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ မနေ့က မေလ ၃၀ ရက်နေ့ညက လေးထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီး မေလ ၂၁ ရက်နေ့က တာမွေမြို့နယ်မှာ ပြိုကျခဲ့ပါတယ်။
2020-05-30
အကြမ်းဖက်နှိမ်နှင်းရေးအတွက် အစိုးရ တပ်မတော်က AA အဖွဲ့ကို စစ်ဆင်ရေးတွေ ဆက်လုပ်မှာဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုလည်း ဖွင့်ထားပြီး၊ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဘက်က တုံ့ပြန်မှုကတော့ အားရစရာ မရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။ AA ပြောခွင့်ရသူ ခိုင်သုခကတော့ အစိုးရနဲ့ တပ်မတော်ဘက်က မျှော်လင့်စရာ ဘာမှမရှိတော့ တာကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားကြဖို့ တုံ့ပြန်လိုက်ပါတယ်။
2020-05-30
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
2020-05-30
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည်စခန်းကို လေပြင်းတိုက်ခတ်လို့ အဆောင်တွေ ပျက်စီးကုန်ပြီး စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေရပါတယ်။
2020-05-29
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကမ္ဘာ့တဝန်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလ အတွင်း တိုက်ပွဲတွေရပ်ဆိုင်းထားကြဖို့ တိုက်တွန်းထားပေမယ့် မြန်မာပြည်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆက်လက်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သဘောထားတချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2020-05-29
မကြာခင်မှာ ကျောင်းတက်ရမယ့်ကာလကို ရောက်တော့မှာ ဖြစ်တာကြောင့် ကလေးအများအပြား အပြင် ထွက်ကြရတော့မှာပါ။ အခုဆိုရင် ဈေးကွက်ထဲမှာ လူကြီးသုံးနှာခေါင်းစည်းတွေပဲ ဝယ်လို့ရနေပြီး ကလေးသုံး နှာခေါင်းစည်းတွေကတော့ ဝယ်ဖို့ခက်နေပါတယ်။
2020-05-29
ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ရန်ကုန်မှာ ရရာအလုပ် လုပ်ကိုင်ဖို့ တိမ်းရှောင်လာကြတဲ့ ချင်းတိုင်းရင်းသား တွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အလုပ်တွေ ရပ်နားထားတဲ့ကာလမို့ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
2020-05-29
ကချင်ပြည်နယ်မြောက်ပိုင်း ချီဖွေဒေသမှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေ ညစ်ညမ်းလာတာနဲ့ အမျှ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လူမှုဘဝရပ်တည်ရေးကိုပါ ထိခိုက်လာနေပါတယ်။
2020-05-29
ကွမ်းစားရင် ကင်ဆာရောဂါ ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေး အဖွဲ့အစည်းတွေက ကွမ်းပပျောက်ရေး ဆောင်ရွက်နေပေမယ့် ကွမ်းစားတဲ့ဓလေ့ အစဉ်အလာကြီးတဲ့ မြန်မာနိုင်ငံမှာတော့ ဒီဓလေ့ကို ဖျောက်ဖို့ မလွယ်ကူသေးပါဘူး။
2020-05-29
နယ်စပ်ဒေသနဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
2020-05-29
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝ နဲ့ ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှုမရှိဘဲ လူစုလူဝေးနဲ့ နေထိုင်နေရပါတယ်။