မြန်မာ့အရေး ၂၀၂၄ နဲ့ ၂၀၂၅ အလားအလာ

2024.12.27

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြာင်းအလဲအမျိုးမျိုး ရှိခဲ့ပြီး စစ်ကောင်စီအတွက်ရော စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးအတွက်ပါ အရေးပါတဲ့ အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရပါတယ်‌။ ပြည်သူတွေဟာလည်း ဖိနှိပ်မှုတွေအပြင် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဆင်းရဲကျပ်တည်းမှုတွေကို ပုံစံအမျိုးမျိုး ဆက်လက်ကြုံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်ရော ဘယ်လို အလားအလာရှိသလဲ။ အပြောင်းအလဲ ဖြစ်လာမဲ့ အရိပ်အယောင်တွေ တွေ့ရပြီလားဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမဲ့ ပညာရှင်တွေကတော့ မြန်မာနိုင်ငံ အမေရိကန်သံရုံးရဲ့ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန်အစိုးရ ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှာ မြန်မာ့အရေးကျွမ်းကျင်သူအဖြစ် တာဝန်ယူနေတဲ့ မစ္စ ပရက်ဆီလာ ကလပ်ပ်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်း လေ့လာခဲ့တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဘောဂဗေဒပညာရှင် ဂျဲရက် ဘစ်ဆင်ဂျာတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်  စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။