ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ

2024.05.10

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ မကြာခင် လွတ်မြောက်တဲ့ဒေသတစ်ခု ဖြစ်လာတော့မယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်တွေ ပေါ်ထွက်လာနေပါတယ်။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲက မြို့ ငါးမြို့နဲ့ စစ်ကောင်စီတပ်ရင်း ၁၁ ရင်းကို AA က သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီလက်နက်ချတာတွေကိုလည်း တွေ့နေရပါတယ်။ ဒီအတောအတွင်း ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားစုဆောင်းမှုတွေနဲ့အတူ ရိုဟင်ဂျာစစ်သားတွေ ပါဝင်တဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့တဲ့သတင်းတွေကိုလည်း ကြားနေရပါတယ်။ ဒီအကြောင်းတွေအပါအဝင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေအကြောင်း ဒီတစ်ပတ်မှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုနဲ့ CDM တပ်မတော်သား ဗိုလ်ကြီးလင်းထက်အောင်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။