အာဆီယံရဲ့ကြားဝင်ဆောင်ရွက်မှုနဲ့ မြန်မာ့ပြဿနာ မပြေလည်နိုင်ပါ

2021.06.05

ဒီတပတ်အစီအစဉ်မှာတော့ “အာဆီယံရဲ့ကြားဝင်ဆောင်ရွက်မှုဟာ မြန်မာ့ပြဿနာကိုမပြေလည်နိုင်ပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။

အာဆီယံအပါအဝင် နိုင်ငံခြားအစိုးရတွေရဲ့ အကူအညီတွေထက် ပြည်တွင်းက လှုပ်ရှားမှုနဲ့ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ပေါင်းစပ်ပြီး တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန် ရောက်အောင်ကြိုးပမ်းကြဖို့ လိုပြီဆိုတဲ့အကြောင်း ဆွေးနွေးထားတာဖြစ်ပါတယ်။

အဓိကပါဝင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ရန်ကုန်လူငယ်ကွန်ယက်က မသဥ္ဇာရွှန်းလဲ့ရည် တို့ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လွှင့်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

M Peace Sprit
2021-06-05 06:21

အာဆီယံ ဆိုတာ တရုတ်ရဲ့ ရုပ်သေး တရုတ်ဩဇာခံတွေပါ။ သူတို့ကိုယ်တိုင်က ဒီမိုကရေစီစနစ် မလိုက်နာ မကျင့်သုံးတဲ့ အများစု ဟန်ပြ ဒီမိုကရေစီနဲ့ ပြည်သူကိုဖိနှိပ် ပြည်သူဆန္ဒကို ကိုယ်စားမပြုတဲ့နိုင်ငံတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ charter ပဋိညာဉ်စာတမ်း မှာကိုက မည်သည့်သတ်မှတ်ချက် (ဉပမာ=မည်ကဲ့သို့သော စံ တန်ဖိုးတို့နဲ့ ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရမည်ဆိုတဲ့) တိကျတဲ့ သတ်မှတ်ချက်မရှိတဲ့ အဖွဲ့အစည်းပါ။ (charter ကိုလေ့လာပါ)။ အချိန်ကို သူတို့က အသုံးချပြီး စစ်ကျွန်မွေးကို ပိုရှည်အောင်ပဲ လုပ်ကြမှာပါ။ သူတို့အများစု ကိုယ်တိုင်က မြန်မာပြည် လမ်းမှန်ပေါ် ရောက်သွားမှာကို အမြင်မှားယွင်းစွာနဲ့ပဲ မလိုလားကြပါ။“သာကော plan-5” ချက်အရ ချိန်ဆွဲမယ့်နည်းဗျူဟာတွေကို တစ်ခုချင်းလုပ်ဆောင်မှာဖြစ်တယ်။ Constitution Mandate Legitimacy and Election Votes. ဖွဲ့စည်းပုံ အခြေခံဉပဒေ၊ ပြည်သူအများ၏ ထောက်ခံမှုဖြင့်ရရှိထားသော လုပ်ပိုင်ခွင့်အာဏာ၊ တရားဝင်မှု၊ ရွေးကောက်ပွဲ မဲရလဒ်များကို နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့ CRPH/NUG ကို အသိအမှတ်မပြုဘဲ၊ ဉပဒေမဲ့ လက်နက်ပြ အကြမ်းဖက်ပြီး နိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးပြီး အာဏာလု့ယူထားသူကို တရားဝင်လာရောက်တွေ့ဆုံမယ်ဆိုတာဟာ ငါတို့ မဲဆန္ဒရှင် ပြည်သူတွေကို အသိအမှတ်မပြုတဲ့ “စော်ကာမူ” သက်သက်ပဲဖြစ်ပါတယ်။ အာဆီယံဟာ “မသူတော်အချင်းချင်းတွေ များတာမို့” ငါတို့အတွက် ဘာမျော်လင့်ချက်မှ မရှိပါဘူး။ CRPH/NUG ဦးဆောင်မူအောက်မှာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြပါ။ “နတ်ကရာ ကျီးမော” သူတို့ရဲ့ လှည့်ကွက်တွေထဲ အမျှောမခံကြပါနဲ့။ အရေးတော်ပုံ အောင်ရမည်-🤺🤺🤺🤺🤺🤺🤺🤺🤺🤺🤺- fight for now, future & our next generation.