စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တွေ့ဆုံဆွေးနွေးရေးလမ်းမှာရှိသလား
2021.11.20
ဒီတစ်ပတ်အစီအစဉ်မှာ မြန်မာပြည်ကို တရုတ်၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေက နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့ ရောက်လာတဲ့အတွက် နိုင်ငံတကာက စဉ်းစားနေသလို မြန်မာပြည် အကျပ်အတည်း ပြေလည်အောင် "စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တွေ့ဆုံဆွေးနွေးရေးလမ်းမှာရှိသလား" ဆိုတဲ့အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေကတော့ ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပခုက္ကူ NLD အမတ် ဦးသက်ကြူ၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဆန်နီ တို့ ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လုပ်ထားပါတယ်။