စစ်ကောင်စီတပ်ဖွဲ့တွေ ပြည်သူနဲ့ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ချက်
ဒီအပတ် RFA စကားဝိုင်းမှာ စစ်ကောင်စီ လက်အောက်ခံစစ်တပ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေအနေနဲ့ သူတို့ရဲ့ အသက်တွေကိုပေးအပ်ပြီး အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ဆက်လက်ကာကွယ်မနေတော့ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကို အခြေခံပြီး ဆွေးနွေးထားပါတယ်။
စစ်ပွဲတွေ အမြန်ဆုံးပြီးဆုံးသွားရင် ပြည်သူအားလုံးရဲ့ အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုလျော့နည်းနိုင်မှာ ဖြစ်သလို တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန် စတင်နိုင်မှာဖြစ်တယ်လို့လည်း ပါဝင်ဆွေးနွေးသူတွေက ပြောပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်ကြီးထက်မြတ်နဲ့ အညာဒေသရောက် 96 Soldiers ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မဖူးတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး စီစဉ်တင်ဆက်ထားပါတယ်။