သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-26
ဒီအပတ် RFA စကားဝိုင်းမှာ NUG အစိုးရ စတင်ရောင်းချတဲ့ ငွေတိုက်စာချုပ်ကို ပြည်တွင်းပြည်ပမြန်မာတွေ အမြောက်အမြား အားပေးဝယ်ယူနေမှု၊ တရုတ်-အာဆီယံညီလာခံ အပါအဝင် အရေးပါတဲ့ ကမ္ဘာ့တွေ့ဆုံဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မရတဲ့ စစ်ကောင်စီ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ပထမဆုံးအမှုအတွက် စီရင်ချက်ချမယ့်ကိစ္စ အပါအဝင် လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို တင်ပြထားပါတယ်။
2021-11-20
ဒီတစ်ပတ်အစီအစဉ်မှာ မြန်မာပြည်ကို တရုတ်၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေက နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့ ရောက်လာတဲ့အတွက် နိုင်ငံတကာက စဉ်းစားနေသလို မြန်မာပြည် အကျပ်အတည်း ပြေလည်အောင် "စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တွေ့ဆုံဆွေးနွေးရေးလမ်းမှာရှိသလား" ဆိုတဲ့အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2021-11-12
ဒီအပတ် RFA စကားဝိုင်းမှာ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးစိုးရိမ်ကြောင်း ကြေညာချက်နဲ့ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ပြောကြားချက်အပါအဝင် လက်ရှိ နွေဦးတော်လှန်ရေး နောက်ဆုံး အခြေအနေတွေအကြောင်း ဝေဖန်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။