စစ်ကောင်စီ လွှမ်းမိုးမှုမရှိတော့တဲ့နယ်မြေတွေ လုံခြုံပြီလား
စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ပြည့်တော့မယ့်အချိန်မှာ အာဏာသိမ်းစစ်တပ်က မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်လိုက်ရပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်တွေအရ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်တွေ တပ်ရင်းလိုက် လက်နက်ချလာတာ အခုဆိုရင် စစ်ကောင်စီတပ်သား လေးထောင်နီးပါး ရှိလာပါပြီ။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ၂ဝ၂၃ နှစ်ကုန် အစီရင်ခံစာအရ စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ ၄၃ ရာခိုင်နှုန်းလောက်မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီ အုပ်ချုပ်မှုမရှိတော့တဲ့ လွှမ်းမိုးမှုမရှိတော့တဲ့ နယ်မြေတွေ အမှန်တကယ် လုံခြုံပြီလား၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ စစ်ကိုင်းတိုင်း ရွေ့လျားဆေးကုသရေးတာဝန်ခံ ဒေါ်ရတီအုန်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာ၊ စစ်ရေးနိုင်ငံရေးလေ့လာသူ ကိုစိုးဝင်းဆွေနဲ့ တိုင်းရင်းသားအရေး၊ စစ်ရေးလေ့လာသူ ကိုဆိုဒန်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။