“၂၀၂၃ ရဲ့ စစ်ရေးအခြေအနေ”

2023.06.30

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်တာတွေ တိုးလာပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်ပေးမယ့် အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ အခုဆိုရင် လမ်းအားလုံး နေပြည်တော်သို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ရေးလှုပ်ရှားမှု တစ်ခုလုပ်ဆောင်နေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က သတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။

ကယား(ကရင်နီ) ပြည်က တပ်ပေါင်းစုတွေဟာလည်း မယ်စဲ့မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားတစ်ခုအထိ တိုက်ပွဲဖော်ဆောင်ခဲ့သလို စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့အချို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ခိုလှုံလာတာရှိတယ်လို့ သိထားရပါတယ်။

၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေက ဘယ်လောက်အတိုင်းအတာအထိ ရှိလာမလဲ၊ မြို့ပြတွေအထိ ရှိလာနိုင်မလား ဆိုတာတွေနဲ့ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ရဲဘော်ဂျွန်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်မှူး ကိုအောင်စံရှားနဲ့ တအာင်းဒေသ နိုင်ငံရေးစစ်ရေးလေ့လာသူ ဆရာဆိုဒါရ်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။