“စစ်ကိုင်းဖိုရမ်ဆိုတာ ဘာလဲ”

2023.06.09

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးပမ်းနေတဲ့အဖွဲ့ ၁၇၀ ကျော်နဲ့ လေ့လာသူ ၃၀ ကျော်က တိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေဆိုတဲ့ ကဏ္ဍကြီးလေးရပ်ကို ဆွေးနွေးတဲ့ စစ်ကိုင်းဖိုရမ်ပထမအကြိမ်ကို ပြီးခဲ့တဲ့ ဇွန်လဆန်းမှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

ရှေ့လုပ်ငန်းစဉ်အဖြစ်နဲ့ တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံတွေပေါ်ပေါက်ဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူဝါဒတွေ ရေးဆွဲဖို့၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးအဖွဲ့တွေကြား အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့နဲ့ ကာကွယ်ရေးအဖွဲ့တွေစုစည်းပြီး အားကောင်းနိုင်ဖို့ဆိုတဲ့ လေးချက်ကို ချမှတ်တယ်လို့ ကြေညာထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးကော်မတီပြောခွင့်ရသူ ကိုစိုးဝင်းဆွေ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာ့အမျိုးသမီးများသမဂ္ဂ အကြံပေး ဒေါ်တင်တင်ညိုနဲ့ CDM တက္ကသိုလ်ဆရာမ ဒေါက်တာစုတို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။