သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-19
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ဆွေးနွေးပွဲ တတိယမြောက်နေ့မှာ အစိုးရဖက် က တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ ဝေါဟာရကို လက်ခံလိုက်တာကြောင့် တပ်ပိုင်းဆိုင်ရာနေရာ ချထားရေးနဲ့ နှစ်ဖက်တပ်တွေကို ပူးတွဲစောင့် ကြည့်ရေး အပိုင်းတွေကို သဘောတူညီမူရခဲ့ တယ်လို့ NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း က သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
2015-03-18
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ် (၃) ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရေယာဉ်နစ်မြုပ်မှု စုံစမ်းရေးအဖွဲ့ဟာ မနက်ဖြန်မှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။
2015-03-18
အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၁ ဖွဲ့တို့ စုပေါင်းပြုစုထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမှာ ဖြစ်ပါတယ်။
2015-03-17
လက်ပံတန်းက ကျောင်းသားသပိတ်အကြမ်းဖက် ဖြိုခွဲခံရလို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူထဲမှာ မန္တလေး ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓါတု ဒုတိယနှစ်ကျောင်းသား ဗကသများအဖွဲ့ချုပ်ဝင် ကိုရှိုင်းမင်းထက်ဇော် လည်းပါဝင်ပါတယ်။
2015-03-17
မတ်လ ၁၇ ရက်မှာကျင်းပမဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ရန်ကုန်မြို့ ကို ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာနှင့် ဦးထွန်းဇော် တို့ဟာ ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး ကိုဂျင်မီ တို့နဲ့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
2015-03-17
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က မြန်မာအစိုးရ တပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ တရုတ်ဒေသခံ ငါးဦး သေဆုံးရတာမှာ မြန်မာတိုက်လေယာဉ်က ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
2015-03-16
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းကော်မတီ NCCT တို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် မနက်ဖြန် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ (၇) ကြိမ်မြောက်အဖြစ် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။
2015-03-15
ပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေမူကြမ်း နဲ့ပတ်သက် တဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက အခုသီတင်းပါတ်အတွင်းမှာ အပြီးရေးဆွဲပြီး လွှတ်တော်ကိုအမြန်ဆုံးတင်သွင်း မှာဖြစ်တယ်လို့ ကော်မတီဥက္ကဌ ဦးခင်မောင်ရီ က ပြောပါတယ်။
2015-03-15
၂၀၁၂-ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက လက်ပံတောင်းတောင် ဒေသမှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးနဲ့ အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် မီးလောင် ဒါဏ်ရာရရှိတဲ့ သံဃာတွေကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနကို တရားစွဲဖို့စီစဉ်နေပါတယ်။
2015-03-15
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ UPWC နဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဒီနေ့ နေပြည်တော် မြန်မာကွန်ဗန်း ရှင်းစင်တာ MICC 2 မှာ တွေ့ဆုံခဲ့ကြပါတယ်။
2015-03-15
ရခိုင်ပြည်နယ် မြေပုံမြို့အနီး နောင်တော်မြစ်အတွင်း နစ်မြုပ်သွားတဲ့ အောင်တံခွန် (၃) ခရီးသည်တင် ရေယာဉ် ဘာကြောင့်နစ်မြုပ်ခဲ့တယ်ဆိုတာ သိရှိနိုင်အောင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2015-03-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးပွဲ အကြောင်းနဲ့ပတ်သက်လို့ ကိုမြအေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်ပါ။
2015-03-15
လွှတ်တော်ကြားနာပွဲကို ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင် ၁၅ ဦးမှာ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးဘာကြောင့် မတက်ဖြစ်တာလဲဆိုတာနဲ့ ပတ်သက်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗကသကိုယ်စားလှယ် ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-03-14
ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ဟာ ကျောင်းသား သပိတ်ဖြိုခွဲခံတဲ့ အချိန်မှာ အပြင်းအထန်ရိုက်နှက်ခံရတဲ့ဒဏ် နဲ့ ထောင်ဆေးရုံမှာ ကုသနေရတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မိဘတွေကအတော်လေး စိုးရိမ်နေကြပါတယ်။
2015-03-13
အမျိုးသားလွှတ်တော်မှာ ပြုလုပ်နေတဲ့ အမျိူးသားပညာရေး ဥပဒေပြင်ဆင်ရေးဆိုင်ရာကြားနာပွဲကို လာမယ့် (၁၇) ရက်နေ့မှာ တက်ရောက်မယ်လို့ NNER ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပြောပါတယ်။ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။