သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-29
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် (၂) နှစ်အောက် ကလေးငယ် လူစုစုပေါင်း တစ်သောင်းအတွက် လစဉ်ငွေထောက်ပံ့ပေးတဲ့အစီအစဉ်ကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) က စတင်လိုက်ပါတယ်။
2016-07-29
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပန်းရောင် အလုပ်လုပ်ခွင့် ကဒ်ပြားတွေပြုလုပ်ခွင့် သက်တမ်းကုန်ဆုံးတော့မှာနဲ့ ပတ်သက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်သောင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
ဇူလိုင် ၂၇ ရက်နေ့ကစပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံက ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီရဲ့ ပြောခွင့်ရသူ ကိုခွန်ထွန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-28
ပဲခူးတိုင်း ပြည်မြို့ နဝင်းနယ်မြေက ဘောဂ၊ မာကလာကုန်း၊ ဘောဂကန်ကွက်စတဲ့ ရပ်ကွက်ကျေးရွာတချို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျန်းမာရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းအစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကာကွယ် ကုသရေးတွေ ဆောင်ရွက်ပေးနေပါတယ်။
2016-07-28
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကြမ်းမှာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားတာကို လက်ခံရမှာဖြစ်သလို ဧည့်စာရင်းမတိုင်ကြားရင် အရေးယူရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2016-07-28
အထပ်တွေ လျှော့ချဆောက်လုပ်ဖို့ ညွှန်ကြားခံထားရတဲ့ ရန်ကုန်မြို့က အထပ်မြင့်ကွန်ဒို ၁၂ လုံးထဲက ၈လုံးဟာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောက်လုပ်ထားတာဖြစ်ကြောင်း စစ်ဆေး တွေ့ရှိထားတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ပြောပါတယ်။
2016-07-27
ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေစိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ လောက်က တိုင်းပြည် နိုင်ငံရေးလုပ်ငန်းစဉ်တွေ မှာ ပါဝင်နိုင်ဖို့အတွက် မူလနိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့အပြင် နိုင်ငံရေးမှာ ပါဝင်ခွင့်ပေး ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ တင်ပြတောင်းဆိုလိုက်ပါတယ်။
2016-07-27
ပဲခူးတိုင်း ပြည်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားတဲ့ ရပ်ကွက်တွေမှာ ထပ်မံမကူးစက်တော့ပေမယ့် တခြားကျေးရွာတွေအထိ ပျံ့နှံ့နေတယ်လို့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
2016-07-27
တိုင်းရင်းသားလူငယ် ၇၀၀ လောက် တက်ရောက်ကြမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ကို ရှမ်းပြည်နယ်အစိုးရက ဆိုင်းငံဖို့ မနေ့က ညွှန်ကြားထားပေမယ့် ညီလာခံဖြစ်မြောက်ရေးကော်မတီက ကျင်းပခွင့်ရရှိဖို့ ကြိုးစားနေပါတယ်။
2016-07-27
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်တွေကို လွှတ်တော်ဥက္ကဌထံ တင်ပြရမယ်ဆိုတဲ့ စာထုတ်ပြန်တာနဲ့ ပတ်သက်လို့ လူ့အခွင့်ရေး လှုပ်ရှားနေတဲ့ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုမင်း ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊
2016-07-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးရောင်း ဝယ်နေတာတွေ၊ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံး စွဲနေတာတွေကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူပေးဖို့နဲ့ မူးယစ်ဆေးဖြတ်စခန်းတွေဖွင့် လှစ်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-07-26
မန္တလေးတိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်နဲ့ ပြည်ကြီးတံခွန်၊ အောင်မြေသာဇံနဲ့ ပုသိမ်ကြီးမြို့ နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို ဒီနေ့ ဖမ်းဆီးခဲ့ပါတယ်။
2016-07-24
ဆက်သွယ်ရေးဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ စိစစ်ဖို့ အတွက် အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီ အစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ ဆက်သွယ်ရေး ညွှန်ကြားမှူး ဦးစီးဌာနက ညွှန်ကြားလိုက်ပါတယ်။
2016-07-23
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း ၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက်တွေမှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေး ခဲ့ပါတယ်။
2016-07-23
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်အတွက် မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံနေ့စား အလုပ်သမားတွေကို မြန်မာယန်စီကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ တောင်သူနှစ်ရာလောက်က မြန်မာယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။