သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-11
OIC လို့ခေါ်တဲ့ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများအဖွဲ့ဟာ မကြာခင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။
2013-11-09
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ မယ်စကြာဝဠာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မမိုးစက်ဝိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-08
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ပထမဆုံးအကြိမ် စတင်ထုတ်ဝေလိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၁၂/၂၀၁၃ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆.၅% အထိရှိခဲ့တဲ့အတွက် တိုးတက်မှုနှုန်းကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။
2013-11-02
အဖွဲ့ဝင် ၇ ဦးပါတဲ့ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တခု ဗြိတိန်နိုင်ငံကို ရောက်ရှိပြီး မြောက်ပိုင်းအိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လေ့လာခဲ့ပါတယ်။ ဒီကနေ့ လန်ဒန်မြို့က ပြန်လည်ထွက်ခွာတော့မယ့် ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဝင် နော်ဘလွန်းမင်းနိုက်ဇံကို RF Aက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-01
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းအတွက် ၂၀၁၁ ခုနှစ်မှာ ဒေသခံတွေရဲ့ ကြံစိုက်မြေ ဧက ၅ ထောင်ကျော်လောက် အသိမ်းခံလိုက်ရပါတယ်။ ကြံတောင်သူကြီး ဒေါ်တင်ရွှေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။
2013-10-31
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျောင်းသားတွေတည်ထောင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်ဟာ မနက်ဖြန် ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို လိုင်ဇာမြို့မှာကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီ ၂၅ နှစ်တာကာလအတွင်း ABSDF က ကျဆုံးခဲ့သူ ၆၇၀ ရှိပြီး၊ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့သူက ၄၁၇ ယောက်ရှိခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
2013-10-29
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဖက်မှာ အစိုးရစစ်ကြောင်းတွေ များပြားလာနေတဲ့အတွက် ဒေသခံတွေ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာနေကြပါတယ်။ သူတို့ကို ကူညီဖို့စီစဉ်နေတဲ့ ဗန်းမော်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးတူးဂျာကို RFA သတင်းထောက် မရတနာဦး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2013-10-29
မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ကိုယ်စားပြုခွင့်ပိုရလာဖို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေက ညီလာခံတွေ ကျင်းပဆွေးနွေးနေကြပါတယ်။
2013-10-28
တိုင်းရင်းသားပေါင်းစုံရဲ့ လိုင်ဇာညီလာခံ ကျင်းပတော့မယ့်ကာလအတွင်း တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ သြစတြေးလျအခြေစိုက် မွန်အမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဦးနိုင်ဖေသိန်းဇာနဲ့ အာဖက်အေ ဆက်သွယ်မေးမြန်းခန်းကို နားဆင်ပါ။
2013-10-28
လိုင်ဇာညီလာခံနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာခေါင်းဆောင် ဦးလှမောင်ရွှွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-10-27
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ အရေးတကြီးကိစ္စတစ်ခုဖြစ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် ဒေါ်ခင်မျိုးမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-10-25
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ပညာသင် နှစ်ကစပြီး တက္ကသိုလ်အဆင့် ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသား ၂၀၀ ကို ဘွဲ့ရရှိတဲ့ အထိ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
2013-10-25
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေရာမှာ အစိုးရတပ်တွေက ကချင်ဒုက္ခသည်တွေရှိရာ ကျေးရွာ ၂ ရွာကို လက်နက်ကြီးတွေ သုံးစွဲပစ်ခတ်ခဲ့တယ်ဆိုပြီး ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က အောက်တိုဘာလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
2013-10-24
“အမေတစ်ခု သားတစ်ခု”၊ “အမေဒေါ်စု ပြန်လာပြီ” စတဲ့ သီချင်းတွေနဲ့ ကျော်ကြားတဲ့ အဆိုတော် လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်ဟာ နှစ်ပေါင်းလေးဆယ်ကျော် ပြည်ပမှာနေထိုင်ပြီးနောက်၊ များမကြာခင်လပိုင်းကစလို့ ဇာတိ ရှမ်းပြည်နယ် လားရှိုးမြို့မှာ အသက် ၉၉ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အတူနေထိုင်နေပါတယ်။
2013-10-22
ဒီနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အရေးပါဆုံးကိစ္စရပ်တစ်ခုဖြစ်လာပြီး၊ ပြင်ဆင်ရာမှာ တစ်ချက်ချင်းပြင်ဆင်သွားသင့်တယ်ဆိုတဲ့ အယူအဆရှိသူတွေနဲ့ စလယ်ဆုံးတစ်ခုလုံး အသစ်ရေးဆွဲရမယ်ဆိုတဲ့ အယူအဆရှိသူတွေဆိုပြီး အုပ်စုနှစ်ခုပေါ်ပေါက်လာပါတယ်။