သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-29
ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နှင်းတဲ့အတွက် လူငယ်တွေဟာ လွတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး စစ်အာဏာရှင်တွေကို ပြန်လည်တွန်းလှန်နိုင်ရေး ကြိုးစားနေကြပါတယ်။
2021-04-28
ဧပြီလ ၂၇ရက်နေ့က ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်နံဘေးက စစ်ကောင်စီရဲ့ စခန်းတခုကို KNU က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက KNU တပ်တွေ ရှိနေတဲ့ အနီးအနားရွာတွေကို စစ်လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2021-04-28
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးဘဲနဲ့ စစ်ကောင်စီ နဲ့ စေ့စပ်ဆွေးနွေးရေးက တစုံတရာအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
2021-04-26
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဧပြီ ၂၆ ရက်နေ့မှာ အဖွဲ့ဝင် နောက်ထပ် သုံးဦး ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တဲ့အတွက် စုစုပေါင်း အဖွဲ့ဝင်၂ဝ ရှိသွားပါပြီ။
2021-04-26
အခုအပိုင်းမှာတော့ မနေ့က မိတ္ထီလာမှာ သေဆုံးခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်သွင်အကြောင်း၊ တပ်မတော်ထဲမှာ ဗိုလ်ချုပ်သောင်းထိုက်ရွှေလို အရာရှိကောင်းတွေ ဖယ်ရှားခံရပုံအကြောင်း နဲ့ တိုင်းရင်းသားတွေ နှစ်ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း စတဲ့ အချက်တွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။
2021-04-26
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင်၊ စုစုပေါင်း ရာဇဝတ်ပုဒ်မ ခြောက်ခုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ဆေးကြားနာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ သူ့အမှုအတွက် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
2021-04-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တစ်ယောက်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်သွေးကြောတစ်ချောင်းနဲ့ အသက်ရှင်နေရတာဖြစ်ပြီး အခုလို အဖမ်းဆီးခံရတဲ့ သုံးလတာကာလအတွင်းမှာ ကျန်းမာရေးစိုးရိမ်နေရပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကုသခွင့်မရပါဘူး။
2021-04-23
မြန်မာ့အရေးဆွေးနွေးမယ့် ဒီအာဆီယံ အရေးပေါ် အစည်းအဝေးက ထွက်လာမယ့် အဖြေကို ဒီမိုကရေစီထွန်းကားတဲ့ အနောက်နိုင်ငံတွေက စောင့်ဆိုင်းနေကြတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက RFA ကို ဒီနေ့ည ၁၀ နာရီက ပြောပါတယ်။
2021-04-22
မြန်မာ့တပ်မတော် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းအခြေချဗျူဟာ လက်အောက်ခံ အမှတ် ၄၃၁ ခြေမြန်တပ်ရင်းက ဗိုလ်ချမ်းမြသူဟာ ဒီမိုကရေစီ ပြန်လည်ရရှိရေး အင်အားစုတွေနဲ့ ပေါင်းစည်းဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က တခြားအရာရှိတစ်ဦးနဲ့အတူ ကော့သောင်းကနေ လေယာဉ်နဲ့ ထားဝယ်မြို့ကို ထွက်ခွာလာခဲ့ပါတယ်။
2021-04-22
ဧပြီလ ၁၄ ရက် မနက်ပိုင်းက ရန်ကုန် ၁၈ လမ်းမှာ မုန့်လုံးရေပေါ် သပိတ်နဲ့ သွေးမတိတ် ဆေးသပိတ်လုပ်ပြီး အပြန် စမ်းချောင်းမြို့နယ်အရောက်မှာ မရွှေယမင်းထက်နဲ့ မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းတို့ အဖမ်းခံရပြီး၊ နောက်တစ်ရက် ဧပြီ ၁၅ ရက်နေ့မှာ ရွှေပြည်သာစစ်ကြောရေးစခန်းကို အပို့ခံခဲ့ရပါတယ်။
2021-04-21
စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အတွက် စွမ်းအားရှိသမျှ ကြိုးစား ဖြေရှင်းသွားမယ်လို့ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက ပြောပါတယ်။
2021-04-20
စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ပစ်ခတ်ဖြိုခွင်းတဲ့အခါ တနေရာထဲကို စုရုံးမပြေးဘဲ ဦးတည်ချက် မတူတဲ့ နေရာတွေဆီ ပြေးထွက်လူစုခွဲခြင်းအားဖြင့် လိုက်လံပစ်ခတ်မယ့်သူတွေကို ဝေဝါးသွားစေနိုင်တယ်လို့ အမေရိကန်ရေတပ်မှာ စစ်ဆင်ရေးကျွမ်းကျင်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမျိုးဇော်ကပြောပါတယ်။
2021-04-20
မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကို ဖမ်းဆီးပေးတဲ့သူကို ဆုငွေကျပ် သိန်းတစ်ရာ ချီးမြှင့်မယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။
2021-04-20
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပူးပေါင်းပါဝင်မယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နာယက စောညာမော်မဲက ပြောလိုက်ပါတယ်။