သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-18
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်ကို သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ နံနက်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းပြီးတားဆီးခဲ့တာကြောင့် အဖမ်းမခံရဘဲ လွတ်မြောက်သွားပါတယ်။
2021-02-18
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ရှိလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေ မျိုးဆက်သစ်တွေဟာ အရင်ခေတ်ကနဲ့မတူ အင်မတန်ဉာဏ်ရည်မြင့်မားပြီး အဆင့်မြင့် နည်းပညာတွေကို ကျွမ်းကျင်စွာအသုံးပြုနေတဲ့အတွက် အင်မတန်အားရမိတယ်လို့ ပြောပါတယ်။
2021-02-18
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တွဲဖက်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ရှစ်ဦးဟာ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမူမှာ ပါဝင်လို့ဆိုပြီး ဒီနေ့ မနက်အစောပိုင်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
2021-02-17
စစ်ကောင်စီက ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်နဲ့ခရိုင်က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၉၀နီးပါးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ဖမ်းဆီးပြီး ရန်ကုန်မြို့က ဘုရင့်နောင်တပ်မတော်စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားပါတယ်။
2021-02-16
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအတွင်း RFA သတင်းဌာနက မေးမြန်းခဲ့တာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
2021-02-15
မြန်မာ့တပ်မတော်ဟာ ဆန္ဒပြ လှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ၁၉၈၈ ခုနှစ် နဲ့ ၂၀၀၇ ခုနှစ် အဓိကရုဏ်းတွေတုန်းကလဲ သွေးထွက်သံယို ဖြစ်ရပ်တွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာ တွေ့ရတယ်လို့ IHS Janes နိုင်ငံတကာ စစ်ရေးမဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။
2021-02-15
မန္တလေးမြို့က မြန်မာ့စီးပွားရေးဗဟိုဘဏ် ၁ နဲ့ ၂ ရှေ့မှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးပြီး ပစ်ခတ် ရိုက်နှက်ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။
2021-02-15
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဝိုင်းထားပြီး ရုံးတံခါးဖွင့်ပေးဖို့ တပ်မတော်ဘက်ကပြောပေမယ့် ပါတီတာဝန်ရှိသူကတော့ ဖွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။
2021-02-15
စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာနဲ့ ဖိအားပေးတာတွေရှိနေပေမယ့် အစိုးရယန္တရားရပ်သွားအောင် ဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာ့မီးရထား (မန္တလေး) က ဝန်ထမ်း ဦးဝင်းကိုဦး ကပြောပါတယ်။
2021-02-15
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့ အမှုကို စစ်ဆေးဖို့ ချုပ်ရက် ရမန် ယူထားတဲ့နေ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။
2021-02-14
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ပြီးခဲ့တဲ့တပတ်ထဲမှာပဲ ပထမအဆင့် အရေးယူလိုက်ပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း မကြာခင်မှာ အရေးယူဖို့တွေ ပြင်ဆင်နေတဲ့အတွက် ဒီအရေးယူမှုတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ အကျိုးသက်ရောက်မှု အလားအလာ
2021-02-14
စစ်အာဏာရှင်စနစ် ပြိုလဲအောင် အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်တာ CDM လှုပ်ရှားမှုဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ရော နောက်မျိုးဆက်တွေရဲ့အနာဂတ်ပါ အကြောက်တရားကင်းကင်း ရှင်သန်နိုင်ဖို့ CDM လှုပ်ရှားမှုမှာ ရဲရဲဝံ့ဝံ့ပါဝင်ကြဖို့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဆရာတော်ဥူးသုမင်္ဂလ က မိန့်ကြားလိုက်ပါတယ်။
2021-02-13
အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့အပြားမှာ မြင့်တက်လာနေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးထောင်ချ အရေးယူတာတွေကြောင့် တိုင်းပြည်အတွက် အလွန်အမင်း စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိနေကြောင်းနဲ့ ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က စေ့စပ်ညှိနှိုင်းပေးဖို့ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဒီနေ့ စာပေးပို့လိုက်ပါတယ်။
2021-02-12
MRTV က ဝန်ထမ်းတွေ စစ်အာဏာသိမ်းကောင်စီနဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင် နေတဲ့ အစီအစဉ် ရိုက်ကူးထုတ်လုပ်သူ မပပစန်းကျော်ရဲ့ ရန်ကုန်မြို့က ဝန်ထမ်းအိမ်ယာခန်းကို ပြီးခဲ့တဲ့ ည ၁၁ နာရီ လောက်မှာ နက်ပြာရောင်အင်္ကျီတွေဝတ်ထားတဲ့ လူရမ်းကားတစ်အုပ် ဝင်ရောက် ရှာဖွေဖျက်ဆီးပြီး ခင်ပွန်းသည်ကိုလဲ ကိုယ်ထိလက်ရောက် ရိုက်နှက်သွားပါတယ်
2021-02-12
ည ၈ နာရီကနေ မနက် ၄ နာရီအထိ နေအိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ စစ်အာဏာသိမ်းအစိုးရဟာ ညအချိန်မတော်နဲ့ မိုးမလင်းခင်အချိန်တွေမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။