သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-21
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အတွင်းရေးမှူုး နိုင်ဟံသာက ဖွဲ့စည်းပုံကို ပြင်ဆင်မယ့်အစား အသစ်ရေးဆွဲသင့်ကြောင်း၊ လာမယ့် လိုင်ဇာညီလာခံဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ညီလာခံဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ တပ်မတော်ရဲ့ကဏ္ဍကို လျော့ချဖို့လိုကြောင်းစသဖြင့် ပြောကြားလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို အာဖက်အေအဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-10-19
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ငူ၊ နမ့်ခမ်းစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲခဲ့တာတွေ၊ ဗုံးတွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-10-19
ရန်ကုန်မြို့နဲ့ အနီးတဝိုက် စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေမှာ အခုလပိုင်းတွေအတွင်း အလုပ်သမားတွေ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို စက်ရုံပိုင်ရှင်တွေက အလုပ်ထုတ်ပစ်တာတွေ များလာပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-19
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီအမည်နဲ့ မှတ်ပုံတင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လျှောက်လွှာတင်လိုက်ပြီဖြစ်ပါတယ်။
2013-10-05
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီစံနှုန်းတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေကို တစ်ခုချင်းပြင်ဆင်မယ်ဆိုတဲ့ အယူအဆနဲ့ အခြေခံဥပဒေသတစ်ခုကို အစအဆုံး အသစ်ပြန်ရေးဆွဲပြဌာန်းမယ်ဆိုတဲ့ အငြင်းပွားစရာ အယူအဆလမ်းကြောင်းနှစ်ခု ပေါ်ထွက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2013-10-02
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဒေသခံရခိုင်တိုင်းရင်းသားဗုဒ္ဓ္ဓဘာသာဝင်တွေနဲ့ ကမန်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တွေအကြား အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဌ ဦးထွန်းဝေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-09-30
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်က စတင်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် လူမှုရေးပိုင်းမှာလည်း ပြောင်းလဲမှုတွေ အထိုက်အလျောက်ရှိလာခဲ့တယ်လို့ လေ့လာသူတွေကပြောပါတယ်။
2013-09-30
NLD ပညာရေးကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင် ဦးစီးဆောင်ရွက်နေတဲ့ စဉ်းစားတွေးခေါ်သော စာသင်ခန်းဖေါင်ဒေးရှင်းကနေ အခြေခံပညာသင်ဆရာ၊ ဆရာမတွေကို နိုင်ငံတကာ သင်ကြားမှုနည်းစနစ်တွေနဲ့ ပတ်သက်လို့ ရက်တိုသင်တန်းတွေပို့ချနေပါတယ်။
2013-09-26
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံနဲ့ အစိုးရကကျင်းပဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-09-20
ရုရှားနိုင်ငံမှာ လာမယ့်နိုဝင်ဘာလအတွင်း ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲကို နှစ်ပေါင်း ၅ဝ အတွင်း မြန်မာနိုင်ငံက ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မယ်မြန်မာရွေးချယ်ပွဲတွေ ရန်ကုန်မြို့မှာ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြာဝဠာလောင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး တာဝန်ယူဆောင်ရွက်နေတဲ့ Hello Madam မီဒီယာအုပ်စုရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်စိုးယုဝေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-09-19
စက်တင်ဘာလဆန်းပိုင်းက မြန်မာစစ်ဗိုလ်တစ်ဦး မချမ်းဘောမြို့နယ်အတွင်းမှာ ခေါင်းဖြတ်ကွပ်မျက်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်း ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေအတွင်း မြန်မာစစ်တပ်ဖက်က တပ်အင်အားတွေ တိုးချလာနေပြီး၊ ဒီဖြစ်ရပ်ကြောင့် နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ပိုများလာနိုင်တယ်လို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် အမှတ် (၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲက ပြောပါတယ်။ ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-19
အောက်တိုဘာ ပထမအပတ်အတွင်း အစိုးရနဲ့ ကေအိုင်အိုအကြား ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့သိရပါတယ်။ အဲဒီ ထိပ်တန်းဆွေးနွေးပွဲ ကျင်းပရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ကစေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီရက်ပိုင်းအတွင်း သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်တပ်က အရာရှိတစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကို ဦးခင်မောင်စိုးက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-19
မြန်မာနိုင်ငံမှာ အာဏာသိမ်းပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းပွဲဟာ စက်တင်္ဘာ ၁၈ ရက်နေ့က ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ အနာဂတ်မှာ အခုလို စစ်တပ်က ထပ်မံ အာဏာသိမ်းနိုင်တဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
2013-09-18
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့မှာ ပြီးခဲ့တဲ့သီတင်းပါတ်တွေကဖြစ်ခဲ့တဲ့ အစိုးရတပ်တွေနဲ့ KIO ကချင်တပ်တွေ တိုက်ပွဲအတွင်း ဒါဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို KIO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်အပေါ်မှာ KIO ဘက်က ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ သဘောထားကို နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-17
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်မှာ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရဟာ ရိပ်သာအပြင် “စေတနာရွာ” ဆိုတဲ့အမည်နဲ့ မြန်မာနိုင်ငံအနှံ့က နေစရာအိုးအိမ်မဲ့သူတွေကို အခမဲ့မြေနေရာပေးပြီး နေရာချထားပေးနေတာ အခုဆိုရင် အိမ်ထောင်စုပေါင်း ၂၅၀၀ ကျော်ရှိနေပါတယ်။