သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-17
ကားလမ်းဖောက်ပေးမယ်၊ လျှပ်စစ်မီးရအောင် လုပ်ပေးမယ်ဆိုတာထက် တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လွှတ်တော်တွင်းကနေ တောင်းဆိုပေးသွားမယ်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောအားဒိုက ပြောပါတယ်။
2020-11-13
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ အခုဆိုရင် နေအိမ်စောင့်ကြည့်ကာလ ပြီးဆုံးပါတော့မယ်။ ကူးစက်မှု ကျဆင်းမသွားသေးတဲ့ ကာလ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် အောင်ပွဲခံတဲ့ လူစုလူဝေးဖြစ်နေတာတွေကို သတိထားစေချင်တယ်လို့ ဦးကျော်သူက တိုက်တွန်းလိုက်ပါတယ်။
2020-11-13
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ကချင်ပြည်နယ်အတွင်းက အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သုံးနေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပါတယ်။
2020-11-12
ကယားပြည်နယ် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးစိုးရယ် က အနိုင်ရခဲ့ပါတယ်။
2020-11-11
အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
2020-11-11
ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဝင်ပြိုင်တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း ထပ်မံအနိုင်ရခဲ့ပါတယ်။
2020-11-10
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ် ၂၅ နေရာဝင်ပြိုင်ခဲ့တဲ့အထဲက ၁၅ နေရာ အနိုင်ရရှိခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
2020-11-10
၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ အပြည့်အ၀ မယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ဒီနေ့ ပြောလိုက်ပါတယ်။
2020-11-10
တနင်္သာရီတိုင်းဒေသကြီးအတွင်း အယောင်ဆောင်မဲပေးမှု၊ အသက်မပြည့်သူတစ်ချို့မဲပေးခဲ့မှု၊ တိုင်းလွှတ်တော် မဲလက်မှတ်နဲ့ အမျိုးသားလွှတ်တော် မဲလက်မှတ် အစောင် ၄၀ ခန့် မှားယွင်း ထုတ်ပေးခဲ့မှုကြောင့် မဲပေးမှုမှားယွင်းခဲ့တဲ့ အခြေအနေတချို့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦး ကပြောပါတယ်။
2020-11-09
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ဇာတိသူ ဒေါ်ထုမေဟာ ၂ဝ၂ဝ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ မဲအများစု အနိုင်ရနေပါတယ်။
2020-11-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများများနိုင်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2020-11-09
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ တပ်ကြိုတင်မဲတွေထပ်ရောက်လို့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနိုင်ရသွားတာဆိုတဲ့ ဝေဖန်ချက်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်ပါတယ်။
2020-11-09
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အနိုင်ရပြီး အမှတ် (၂) မှာတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ကိုယ်စားလှယ်က အနိုင်ရခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက အတည်ပြုပါတယ်။
2020-11-08
ရခိုင်အမျိုးသားပါတီ ANP ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို မဲရလဒ်အခြေအနေနဲ့ပတ်သက်ပြီး ဒီလ ၈ ရက်နှောင်းပိုင်းမှာ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2020-11-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်ဟာ သူဝင်ပြိုင်တဲ့ ပန်းဘဲတန်းမြို့နယ်မှာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။