သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-15
နေပြည်တော် ဗဟိုမဏ္ဍပ်အတွက်နဲ့ သြင်္ကန်ပွဲတော် အတွက်ကို အသုံးစရိတ်ကျပ်ငွေ သိန်းတစ်ထောင်ပဲ သုံးစွဲထားတယ်လို့ သိရပါတယ်။
2018-04-15
ကချင်ပြည်နယ် တနိုင်းမြို့နယ်က ကျေးရွာ ၃ ရွာမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲ ပုန်းရှောင်နေကြရပါတယ်။
2018-04-15
မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြတဲ့ ဟိန္ဒူဒုက္ခသည်တွေက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ဝန်ကြီးနဲ့ တေ့ွဆုံခွင့်မရတဲ့အကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ် ထံ ဆက်သွယ်အကြောင်းကြားမှုတွေ ရှိလာပါတယ်။
2018-04-15
ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာ အသုံးအနှုန်းတွေဖြစ်တဲ့ သံဃာ၊ သင်္ကန်း၊ ရဟန်း အစရှိတဲ့ အသုံးနှုန်းတွေကို တခြားဘာသာတွေက ယူသုံးတာမျိုးမလုပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သာသနာရေးဦးစီးဌာနကနေတဆင့် ဘာသာပေါင်းစုံအဖွဲ့အစည်းတွေထံ အကြောင်းကြားထားပါတယ်။
2018-04-14
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းပေါ်က ဒွန်ဘုန်းခရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ဒွန်ဘုန်းခ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
2018-04-14
အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေး တပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖိုနဲ့ တချိန်တည်းမှာပဲ ရုံးခွဲတွေကို ပြည်နယ်တိုင်းဒေသကြီးအလိုက် ဖွင့်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြိုးပမ်းနေပါတယ်။
2018-04-14
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ လက်ရှိအကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၅ ဦးနဲ့ နိုင်ငံရေးမှုနဲ့ ဆက်နွယ်တဲ့ ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရသူ အယောက် ၂၀၀ လောက်ကို ဒီ မြန်မာသြင်္ကန် နှစ်သစ်အခါသမယမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မျှော်လင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတွေက ပြောပါတယ်။
2018-04-13
အခုနှစ်သြင်္ကန်မှာ ကျောင်းသားလူငယ်တွေ ဦးစီးတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ သံချပ်များကို ဆင်ဆာအဖွဲ့ကို မတင်ပြခဲ့တဲ့အတွက် တချို့ မဏ္ဍပ်များက ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးလို့ သိရပါတယ်။
2018-04-13
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ရှေ့နေချုပ် ဖါတျူးဘန်းဆူဒါ က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်လိုက်တဲ့ကိစ္စကို သူ့အနေနဲ့ စုံစမ်းစစ်ဆေးနိုင်မယ့် အမိန့်တစ်ရပ် ထုတ်ပြန်ပေးနိုင်မလားဆိုပြီး တရားသူကြီးအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။
2018-04-12
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ အဖွဲ့ဟာ ဧပြီလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အစိုးရက စီစဉ်ထားတာတွေကို ရှင်းပြခဲ့ပါတယ်။
2018-04-12
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်အောင် ဖေ့စ် ဘွတ်ပေါ်ကနေ အမုန်းပွားစရာတွေ ဖြန့်ခဲ့ကြတာ ကို ဖေ့စ်ဘွတ်တာဝန်ရှိသူတွေက အလျင်အမြန် မတားဆီးခဲ့တဲ့အတွက် မြန်မာနိုင်ငံက နည်းပညာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဖေ့စ်ဘွတ် တည်ထောင်သူ Mark Zuckerberg ထံ စာရေးသားပေးပို့ပြီး ကန့်ကွက်ကြောင်း ပြော လိုက်ကြပါတယ်။
2018-04-12
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်၊ RCSS/SSA နဲ့ TNLA တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လွယ်ကျေးကျေးရွာအုပ်စု၊ ပန်လော့ရွာသစ်နဲ့ ရွာဟောင်းက ဒေသခံ ၁၅ဝ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့မှာ နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာရပြီး မြို့ခံ ကူညီရေးအဖွဲ့တွေက ကူညီပေးနေကြရပါတယ်။
2018-04-12
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌလည်းဖြစ်တဲ့ ဦးခက်ထိန်နန် ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-04-11
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေ မှုခင်းပြဿနာတွေအပေါ် အစိုးရဘက်က ကိုင်တွယ်ဖြေရှင်းမှုတွေ အားနည်းနေတယ် လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။
2018-04-11
MOU စနစ်နဲ့ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့သွားတဲ့ မြန်မာအလုပ်သမား ၅၀ ကျော် စီးလာတဲ့ကားဟာ မနေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တိမ်းမှောက်ခဲ့ရာမှာ အလုပ်သမား ၆ ဦး သေဆုံးခဲ့ပါတယ်။