သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-05
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ မနေ့ညက မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၉၀၀ ကျော်ဟာ စာသင်ကျောင်းတစ်ခုမှာ ယာယီခိုလှုံနေရပါတယ်။
2018-03-05
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်က ဝါသောခူကျေးရွာအုပ်စုအနီးမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ထုံးကျောက် တူးဖော်ရေးလုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
2018-03-03
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ပူတာအိုဒေသ မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စက်သုံးဆီနဲ့ ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်နေတာ တစ်လနီးပါး ကြာနေပြီဖြစ်ပါတယ်။
2018-03-03
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ အရင်က ဓါတ်ဆီတစ်ဂါလံကို ကျပ် ၄၅၀၀ လောက်ကနေ အခု ဆီတစ်ဂါလံကို ၄ သောင်းလောက်အထိ မြင့်တက်နေပြီး အလွယ်တကူဝယ်လို့မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံ ဦးအောင်ခမ်းက ပြောပါတယ်။
2018-03-03
ဒီနှစ်ပိုင်း၊ လပိုင်းတွေမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတချို့ရဲ့ မဆင်မခြင် ပြုမူမိန့်ကြား မှုတွေကြောင့် လူအချင်းချင်းအကြား၊ အဖွဲ့အစည်း အချင်းချင်းအကြား ရန်ငြိုးဖွဲ့ပြီး အမှုအခင်းတွေ ဖြစ်ကုန်ကြတဲ့အထိ ဖြစ်လာတာဟာ နိုင်ငံ့အနာဂတ်အတွက်တွင်သာမက၊ ဗုဒ္ဓသာသနာအတွက်၊ ဗုဒ္ဓဘာသာဝင်တွေမှာပါ ဆုံးရှုံးနစ်နာမှုတွေများစွာဖြစ်စေတယ်လို့ ဒယ်အိုးဆရာတော် လို့လည်း သိထားကြတဲ့ ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားပါတယ်။
2018-03-03
ဗြိတိန်အခြေစိုက် The Economist Intelligence Unit အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့လုံခြုံမှု မရှိဆုံးမြို့များ စာရင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့က ဒုတိယနေရာမှာ ရှိနေပါတယ်။
2018-03-03
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့ ရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-03-03
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနားမှာ ARSA အကြမ်းဖက်အဖွဲ့တွေ ရှိနေတဲ့အတွက် မြန်မာဘက်က လုံခြုံရေးကို တိုးမြှင့်ချထားဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူ ကပြောပါတယ်။
2018-03-03
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ကျင်းပမယ့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးခင် အကြိုဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကို ALP က တောင်းဆိုလိုက်ပါတယ်။
2018-03-01
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အစိုးရတပ်မတော်နဲ့ KIA အဖွဲ့တွေရဲ့ စစ်ပွဲတွေဖြစ်နေတာကြောင့် မြစ်ကြီးနား-ပူတာအို ဆွမ်ပရာဘွမ် ကားလမ်းပိတ် သွားခဲ့ပြီး ကုန်ဈေးနှုန်းတွေ တက်နေပါတယ်။ ဓါတ်ဆီဈေးဟာ အရင်ကထက် ၇ ဆလောက်အထိ တက်နေတယ်လို့ ဆိုပါတယ်။
2018-03-01
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ အဓမ္မပြုကျင့်ခံရမှုတွေ များလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသိပညာပေးရေးလုပ်ငန်းတွေ လိုအပ်နေပြီလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း က ပြောပါတယ်။
2018-03-01
ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား ၁၆ ယောက်ကို မနေ့က မြဝတီမြို့မှာ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ အလုပ်သမားတွေကို မွန်ပြည်နယ် လူမှုဝန်ထမ်းဂေ ဟာမှာ စောင့်ရှောက်ထားပါတယ်။
2018-03-01
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဧပြီလကုန် မေလဆန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခဲ့စဉ်ကလို အားနည်းချက် လိုအပ်ချက်တွေ မရှိစေဖို့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-02-28
အစိုးရနဲ့ NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စိုးကို စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားတာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်မှုမရှိတဲ့ အတွက် ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ထားတယ်လို့ ANC က မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
2018-02-28
အငြင်းပွားစရာ ပုဒ်မတွေ ပါဝင်နေပြီး ငွေမဲခဝါချတဲ့ ဥပဒေကြမ်းအဖြစ် ဝေဖန်မှုတွေ ရှိနေတဲ့ ပြည်ထောင်စုအစိုးရရဲ့ "၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း"နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။