သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-19
မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည် ၁၁၀၀ ကျော်ကို စိစစ်နေပြီး ဇန်နဝါရီ ၂၃ ရက်နေ့က စတင်လက်ခံသွားမှာဖြစ်ပါတယ်။
2018-01-19
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက်ကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။
2018-01-19
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကို ဝန်ကြီးတာဝန်ကနေ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2018-01-19
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုအစတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ အာဏာရ NLD ပါတီနဲ့ပတ်သက်ခြင်း မရှိဘူးလို့ NLD ပါတီက ပြောဆိုပါတယ်။
2018-01-18
ရန်ကုန်တိုင်း ဆန်ဈေးကွက်အတွင်း ငွေကျပ် သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားထားသူ စုစုပေါင်း ၇၆ ဦးအထိရှိလာပြီး အလိမ်ခံရတဲ့ ငွေကြေးပမာဏ လည်း တိုးလာတယ်လို့ ဘုရင့်နောင် ဆန်စပါးကုန် စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က ပြောပါတယ်။
2018-01-18
နိုင်ငံတော် သမ္မတက အမည်တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာမှာ ခန့်အပ်ဖို့အတွက် ဒီကနေ့ တိုင်းလွှတ်တော် အစည်းအဝေးက သဘောတူ အတည်ပြုလိုက်ပါတယ်။
2018-01-18
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဦးဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးမှု အောက်မေ့ဖွယ်အထိမ်းအမှတ် ဟောပြောပွဲလုပ်ဖို့ ဦးဆောင် စီစဉ်သူတွေကို နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ နဲ့ တရားစွဲဆိုဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။
2018-01-17
မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ကြိုတင်သတိပေးခြင်းမရှိဘဲ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
2018-01-17
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့် မရခဲ့တဲ့အတွက် မြို့ခံလူငယ်တွေ မနေ့ညက လမ်းလျှောက် ဆန္ဒပြခဲ့ရာကနေ လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လူစုဖြိုခွဲရာကနေ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
2018-01-17
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်နဲ့ အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ပေါလ်ဂရောင် ဦးဆောင်တဲ့ အဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင် စခန်းတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
2018-01-17
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာ အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်း ကို နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်ပါတယ်။
2018-01-17
ရခိုင်ပြည်နယ် မြောက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် အစီအစဉ်တွေ စတင်အကောင်အထည်ဖော် နေတာနဲ့ ပတ်သက်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို မသင်းသီရိ ဆက်သွယ် မေးမြန်းထားပါတယ်။
2018-01-17
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့သူတွေ ပြန်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူဆောင်ရွက်နေတဲ့ လုပ်ရပ်တွေအပေါ် ရခိုင်ပဋိပက္ခ ဖြေရှင်းရေးကော်မရှင်မှာ ပါဝင်ခဲ့တဲ့ ဟာဂျီဦးအေးလွင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-17
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေး ပြင်ဆင်ထားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-17
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားကို လလည်း ကွယ် ပြည်လည်း ဆုံး ခေါင်းစဉ်နဲ့ မနေ့က ပြာသိုလကွယ်နေ့မှာ ကျင်းပတာကို အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲဖြစ်ပွားတဲ့အကြောင်းနဲ့ စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးခံရတဲ့အကြောင်းကို စစ်တွေအခြေစိုက် Development Media Group အယ်ဒီတာ ဦးမိုးဇော်မြင့် ကို ဆက်သွယ်မေးမြန်းထားပါတယ်။