သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-15
မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက လူငယ်သတင်းထောက် ကိုသာလွန်ဇောင်းထက် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-15
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ခွင့်ကန့်သတ်တာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်တယ်လို့ ဖယ်ဒရယ် ဒီမိုကရက်တစ် အင်အားစုအဖွဲ့ ခေါင်းဆောင် ဦးမြအေး က သုံးသပ်ပါတယ်။
2018-01-13
အနောက်နိုင်ငံတွေမှာ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ဒီလပိုင်းတွေအတွင်း အရေးတယူစောင့်ကြည့်အပြစ်ပေးနေတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုနဲ့ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေနဲ့ပြစ်ဒဏ်တွေ မြန်မာနိုင်ငံထဲမှာလည်းရှိနေပေမယ့် အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ်က လိင်ပိုင်းဆိုင်ရာ အစော်ကားခံလိုက်ရသလဲဆိုတာ သိသူနည်းသေးတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) ရဲ့ ရှေ့နေကြီး ဦးမင်းလွင်ဦးက ပြောပါတယ်။
2018-01-13
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာမယ့် မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားရေး ကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးနဲ့ စစ်တွေမြို့က ရဟန်းတော် ၁၀ ပါး၊ ဒေသခံ အရပ် ဘက်အဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ လူပုဂ္ဂိုလ် ၁၀ ယောက်တို့ ဒီကနေ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ ပါတယ်။
2018-01-13
မနေ့က ညပိုင်းတွေမှာ ဆက်တိုက်လှုပ်ခတ်သွားတဲ့ ငလျင်တွေဟာ ဖြူးမြို့နယ် အနောက်တောင်ဘက် ပဲခူးရိုးမတောအတွင်းနေရာကို ဗဟိုပြုပြီး လှုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောပါတယ်။
2018-01-13
တစ်နှစ်ကို ကျပ်ငွေဘီလီယံ ၄၀၀/၅၀၀ လောက် ၅ နှစ်ဆက်တိုက်ဆုံးရံှုးနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာတင်သွားမှာ ဖြစ်ပါတယ်။
2018-01-12
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်မှာ ဆောက်လုပ်ထားတဲ့ NLD HIV လူနာစောင့်ရှောက်ရေးဂေဟာမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက်ပါ ကျန်းမာရေးကုသပေးမယ်လို့ ဂေဟာဦးစီးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
2018-01-12
အစိုးရအဖွဲ့ထဲက ခေါင်းဆောင်ပိုင်းစာရင်း နောက်ထပ် အပြောင်းအလဲတွေ ရှိလာနိုင်သေးတယ်လို့ NLD ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မုံရွာအောင်ရှင်က သုံးသပ်ပါတယ်။
2018-01-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ တွေရတဲ့ ရုပ်အလောင်း(၁၀) ဟာ အကြမ်းဖက် သမားတွေရဲ့ ရုပ်အလောင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပေမယ့် ပြည်ပ အဖွဲ့အစည်းတွေကတော့ ဒီရုပ်အလောင်းတွေဟာ ဒေသခံမွတ်စလင်ရွာသားတွေရဲ့ အလောင်းတွေဖြစ် တယ်လို့ သံသယရှိနေပါတယ်။
2018-01-11
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်တဲ့ သတင်းမီဒီယာသမားတွေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ မနေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
2018-01-11
ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့ မှာ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဥက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2018-01-11
တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တချို့နဲ့ ဝန်ကြီးတချို့ အပြောင်းအလဲလုပ်တာဟာ NLD ဦးဆောင်တဲ့အစိုးရအပေါ် ပြည်သူလူထု အားမလိုအားမရဖြစ်နေတာကို ပြုပြင်ပြောင်းလဲဖို့ဖြစ်တယ်လို့ NLD ပါတီကပြောပါတယ်။
2018-01-11
နှစ်နိုင်ငံသဘောတူညီချက်အရ ဇန္နဝါရီ ၂၂ ရက်နေ့မှာ စတင်မယ့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ မြန်မာဘက်ကို ပြန်ပို့ရေးအစီအစဉ် နှောင့်နှေးနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ရက်က ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-11
ဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးမှား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဒီကနေ့ ရုံးတင်ပါတယ်။
2018-01-11
ဖမ်းမိတဲ့ ရိုဟင်ဂျာအကြမ်းဖက်သမား ၁ဝ ဦးကို ရဲစခန်းပို့ဆောင်ဖို့ မဖြစ်နိုင်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက သတ်ပစ်ခဲ့တယ်လို့ မြန်မာ့တပ်မတော်က ထုတ်ပြန်ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာခေါင်းဆောင်တွေက အဲဒီ အသတ်ခံရတွေဟာ သာမန်ကျေးရွာသားတွေဖြစ်တယ်လို့ ပြောပါတယ်။