သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-07
မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ ပန်ဒိုရာ အဆီကျလုပ်ငန်းက အနှိပ်စက်ခံရတဲ့ အလုပ်သမတွေကို ကယ်ထုတ်ထားတဲ့ မန္တလေးနိုင်ငံရေးအင်အားစုအဖွဲ့က ဒေါ်အမာနီစီးလာတဲ့ ကားရော ပန်ဒိုရာအမှုကို စုံစမ်းရေးသားနေတဲ့ အရင်မန္တလေးအလင်း သတင်းစာတိုက်က သတင်းထောက်ချုပ်စီးလာတဲ့ မော်တော်ဆိုက်ကယ်ပါ မနေ့ညက ကားတစ်စီးရဲ့အတိုက်ခံရပါတယ်။
2016-08-06
ဒေါ်အောင်ဆန်းစုကြည်အပေါ် IS အစွန်းရောက် မွတ်စလင်အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်မယ့် သတင်းနဲ့ ပတ်သက်ပြီး မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူက မည်သည့် မြန်မာနိုင်ငံသားအပေါ်ခြိမ်းခြောက်မှု ကိုမျှ သူ့အနေနဲ့ လက်မခံနိုင်ကြောင်း၊ မဘသ အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကြောင့် အကြမ်းဖက် မှုတွေ လျှော့နည်းခဲ့ကြောင်းနဲ့ တဆက်တည်းမှာပဲ လက်ရှိအစိုးရဟာ မဘသကို ပစ်မှတ်ထားပြီး ခြေ မှုန်းတိုက်ခိုက်နေကြောင်း မိန့်ကြားလိုက်ပါတယ်။
2016-08-06
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် နဲ့နန်းယွန်းမြို့နယ်တွေမှာ ကူးစက်မြန်ရောဂါကြောင့် သေဆုံးသူတွေရဲ့ သွေးကို ဓာတ်ခွဲစစ်ဆေးရာမှာ ဝက်သက်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။
2016-08-06
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၃ သိန်းရှိသွားပြီဖြစ်ပြီး အမေရိကန် က မြန်မာလူငယ်တွေ တက္ကသိုလ်မှာ ပညာ သင်ကြားတဲ့ နှုန်းကလည်း ၈၃ ရာခိုင်နှုန်းထိ မြင့်တက်သွားတယ်လို့ A Burmese American Community Institute (BACI) က စစ်တမ်းထုတ်ပြန်လိုက်ပါတယ်။
2016-08-05
သြဂုတ်လ ၂ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ မြန်မာနဲ့ ဗီယက်နမ် အကြိုဗိုလ်လုပွဲနဲ့ပတ်သက်ပြီး မြန်မာ လက်ရွေးစင် ဂိုးသမားဟောင်း ဦးဟန်လင်းကို RFA အဖွဲ့သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်းထား ပါတယ်။
2016-08-05
လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်မယ့် "ပွင့်လင်းလွှတ်တော်" အင်တာနက်စာမျက်နှာနဲ့ "Open Hlutaw" Facebook စာမျက်နှာကို ရန်ကုန်မြို့ ဖန်တီးရာအဖွဲ့ရုံးမှာ ဒီကနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။
2016-08-04
ကမ္ဘာ့ဈေးကွက်တန်းမဝင်တဲ့ ပယ်ပန်းတွေ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲ တရားမဝင် လှိမ့်ဝင်လာတဲ့အတွက် မေမြို့က ပန်းစိုက်တောင် သူတွေ အခက်အခဲကြုံနေရတာမို့ ဒါကို အရေး ယူပေးဖို့ ဒါမှမဟုတ် အထူးအခွန်ကောက်ခံဖို့ ပန်းစိုက်တောင်သူတွေက သမ္မတနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဆီ လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကတည်း က မေတ္တာရပ်ခံစာပေးပို့ထားတာ ခုထိ အကြောင်း မထူးသေးပါဘူး။
2016-08-04
လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအလုပ်ရုံအလုပ်သမားတွေအတွက် “ဘဝအဟာရ” နံမည်နဲ့ ဈေးချိုပြီး အဟာရအပြည့်ပါတဲ့ ဟင်းလျာလေးတွေ ချက်ရောင်းပေးနေတဲ့ ဦးဝင်းချိုရဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝအစီအစဉ်ကြောင့် အလုပ်သမားလောကမှာ အတော်အကျိုးများခဲ့ပါတယ်။
2016-08-04
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ ဒေသခံ စေတနာရှင်တွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ မေတ္တာအိုးဝေ ဆိုတဲ့အမည်နဲ့ စစ်ဘေး ဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားတွေ အတွက် ဘော်ဒါဆောင်ကို မနေ့က ဖွင့်လှစ်ပေးခဲ့ ပါတယ်။
2016-08-04
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အမည်မသိရသေးတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ၃၃ ဦး သေဆုံး ခဲ့ပြီး လူဦးရေ ၂၀၀ ဝန်းကျင်လောက် ဝေဒနာ ခံစားနေရပါတယ်။
2016-08-04
အိုင်အက်စ်အဖွဲ့က မလေးရှားနိုင်ငံက ရဲစခန်းတစ်ခုဆီ ခြိမ်းခြောက်စာပေးပို့ရာမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေးကို ပုံမှန်ထက်အလေးထားဆောင်ရွက်သွားမယ် လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-08-04
ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ကြုံနေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘယ်ဌာနတွေက ကူညီသင့်သလဲ၊ အလုပ်သမားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ၊ လွှတ်တော်မှာကော ဘာတွေဆောင်ရွက်နေပါသလဲ။
2016-08-04
အစ္စလာမ်အစွန်းရောက် အကြမ်းဖက် ISIS အဖွဲ့က ပစ်မှတ်ထားတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ သံတမန်ဟောင်းတစ်ဦးလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊
2016-08-03
မြန်မာနိုင်ငံတဝှမ်းမှာ သွေးလွန်တုတ်ကွေးရော ဂါဖြစ်ပွားသူ ၄၈၅၅ ဦး ရှိပြီး၊ သေဆုံးသူ ၂၀ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာဇော်လင်း က ပြောပါတယ်။
2016-08-03
ရေကြီးမှုလွန်နောက်ပိုင်းအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အသည်းရောင်အသားဝါ A ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အဆုပ်အအေးမိ အပါအဝင် မြွေနဲ့အတူ အဆိပ်ရှိတဲ့ အကောင်တွေကိုက်တဲ့ ပြဿနာတွေကို ရေဘေးသင့်ပြည်သူတွေ ဘယ်လိုကြိုတင်ကာကွယ်ထားသင့်ပါသလဲ၊ ရေဘေးကြောင့် ကြုံလာနိုင်တဲ့ ကျန်းမာရေး အန္တရယ်တွေနဲ့ ပတ်သက်လို့ ကနေဒါနိုင်ငံ၊ အယ်လ်ဘားတားတက္ကသိုလ်မှာ ကထိက ဒေါက်တာခင်စောဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊။